လက်ရှိအစိုးရအနေနဲ့ လူရွေးချယ် အစားထိုးမှုတွေ လုပ်သင့်ကြောင်း ဗသက ဥက္ကဋ္ဌဟောင်း ပြော

0
356

လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေနဲ့ တာဝန်ယူနိုင်တဲ့ လူတွေကို ရွေးချယ် အစားထိုးဖို့ လိုတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ရဲ့ ဥက္ကဋ္ဌဟောင်း ဦးသက်ထွန်းက ဝေဖန် ထောက်ပြလိုက်ပါတယ်။

နိုင်ငံရေးပါတီတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့၊ တိုင်းပြည်တစ်ခု အာဏာရလာရင် ဘယ်လို မောင်းနှင်မလဲဆိုတဲ့ မူဝါဒ ပေါ်လစီ မဟာဗျူဟာတွေကို ကြိုတင်ပြဆင်ထားမှု မရှိတဲ့အတွက် လက်ရှိအချိန်မှာ အာဏာရပါတီအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

နောက်အစိုးရ သက်တမ်းကို ဖြတ်သန်းဖို့ ခိုင်မာတဲ့ မူဝါဒတွေ ချရေးနဲ့ မှန်ကန်တဲ့၊ တာဝန်ယူနိုင်တဲ့ လူရွေးချယ်မှုတွေ အစားထိုးဖို့ လိုတယ်လို့ MCN သတင်းဌာနက ဥက္ကဋ္ဌဟောင်း ဦးသက်ထွန်း မေးမြန်းစဉ်မှာ ပြောကြားလိုက်တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)