အကယ်ဒမီပေးပွဲ နီးနေချိန်မှာ အခွန်ထမ်းဆောင်တဲ့ စာရင်း ထုတ်ပြန် တာဟာ နားလည်မှု လွဲမှားစေကြောင်း လူမင်းပြော

0
402

အကယ်ဒမီပေးပွဲ နီးကပ်နေချိန်မှာ အခုလို အနုပညာရှင်တွေရဲ့ အခွန်ထမ်းဆောင်တဲ့ စာရင်းကို ထုတ်ပြန်တာဟာ နားလည်မှုလွဲမှားစေတယ်လို့
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အနုပညာရှင်တွေထဲက အခွန်ထမ်းဆောင်သူ(၁၉)ဦးသာရှိတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက
သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီလိုထုတ်ပြန်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခွန်ထမ်းဆောင်ခဲ့တဲ့ အကြောင်း စာရွက်စာတမ်းတွေနဲ့တကွ ပြန်လည်ဖြေရှင်း ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)