ကုလအဆင့်မြင့် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ယန်ဟီးလီ တိုက်တွန်း

0
212

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ကုလ အဆင့်မြင့် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ မတ်လ ၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ကျင်းပတဲ့ ကုလ လူ့အခွင့်အရေး ကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းရင်း မစ္စ ယန်ဟီးလီက အဲဒီလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများနဲ့ မြန်မာ နယ်ခြားစောင့်တပ်ကို အကြမ်းဖက်သူတွေက တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေမှု အပေါ် အာရုံစိုက် သုံးသပ်သင့်ကြောင်း သူမက ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စတင်ပြီး ဂျီနီဗာမြို့မှာ ၃ ရက်တာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ (၃၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး High-Level Segment မှာလည်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်က ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်း ကနေ ကွဲပြားသွားအောင် ဆောင်ရွက်နေတာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)