ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရာထူးမှ ယာယီ အနားယူမယ်

0
250

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ နှလုံးရောဂါ ခွဲစိတ်ကုသရမယ့် အရေးပေါ် အခြေအနေကြောင့် ဝန်ကြီးချုပ်ရာထူးကနေ ယာယီ အနားယူမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက MCN သတင်းဌာနကို အတည်ပြု ပြောဆိုပါတယ်။

ဦးဖြိုးမင်းသိန်းဟာ နှလုံးခွဲစိတ် ကုသရမယ့်အတွက် ဆေးရုံတက်ဖို့ရှိပြီး ဘယ်လောက် ကြာကြာ အနားယူရမယ်၊ ဘယ်လို အခြေအနေရှိနိုင်တယ်ဆိုတာကို သေချာ မသိရသေးကြောင်း၊ ဘယ်ရက်ကစပြီး အနားယူမလဲဆိုတာလည်း အသေးစိတ် မသိသေးကြောင်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)