ထားဝယ် အထူးစီးပွားရေးဇုန် ပြန်စမည်

0
315

တနင်္သာရီတိုင်းမှာ နှစ်နဲ့ချီ ရပ်ဆိုင်းထားတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်စတင်ဖို့ ကော်မတီတရပ်နဲ့ အထူးလုပ်ငန်းအဖွဲ့တခုတို့ကို ဖေဖော်ဝါရီ ၂၈ ရက်က ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အန်ဒမန် ပင်လယ်ကနေ ဘန်ကောက်နဲ့ ထိုင်းပင်လယ်ကွေ့အထိ ချိတ်ဆက်ပေးမယ့် မြန်မာ-ထိုင်း ပူးတွဲ စီမံကိန်း ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် “ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ အကောင်အထည် ဖော်ရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကော်မတီ” နဲ့ “ထားဝယ် အထူး စီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့” တို့ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်တုန်းကလည်း အထူး စီးပွားရေးဇုန် ကော်မတီဟာ ဇုန်အကောင်အထည် ဖော်ရေးမှာ ပါဝင်ဆောင်ရွက်ဖို့ သဘောတူထားတဲ့ အီတာလျံ-ထိုင်း ဖွဲ့ဖြိုးရေး (ITD) အဖွဲ့နဲ့လည်း ပြန်လည်ဆက်သွယ် လုပ်ဆောင်နေခဲ့တာပါ။

စီမံကိန်းကို စတင်ဖို့ ၂၀၀၈ ခုနှစ်ကတည်းက မြန်မာနဲ့ ထိုင်း ပထမဆုံး နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက် ထိုင်းက ITD ကို ပင်လယ်နက် ဆိပ်ကမ်း၊ စက်မှုဇုန်၊ ထိုင်းနိုင်ငံ ကန်ချနဘူရီကို ဆက်သွယ်မယ့် လမ်းမကြီးနဲ့ ရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းတွေအတွက် ချပေးလိုက်ပါတယ်။

ဒါပေမယ့် ဘဏ္ဍာရေးအခက်အခဲကြောင့် ITD ဟာ ၂၀၁၃ မှာ နုတ်ထွက်သွားပါတယ်။ ဒါပေမယ့် ၂၀၁၅ မှာ စီမံကိန်မှာ ပြန်လုပ်ဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)