မောင်တောတွင် ဆယ်အိမ်မှူးဟောင်း အသတ်ခံရ

0
283

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကျီးကန်ပြင် (တောင်) ရွာနေ ဆယ်အိမ်မှူးဟောင်း နူကာရင် (အသက် ၃၅ နှစ်) ကို အမည်မသိ လူ ၄ ဦးက ခေါ်ဆောင်သွားပြီးနောက် အသတ်ခံလိုက်ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ မတ်လ ၁ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်မှာ မိသားစုနဲ့ အတူ အိပ်ပျော်နေတဲ့ နူကာရင်ကို လူ ၄ ဦးက လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

နေအိမ်ကို ပြန်လည် ရောက်ရှိလာခြင်း မရှိလို့ ဖခင်ဖြစ်သူ ဇာဖော့အာလောင်က လိုက်ရှာရာမှာ မတ်လ ၂ ရက် မနက် ၆ နာရီခန့်မှာ ရင်ညွန့်၊ လက်၊ ရင်အုံ၊ ဆီးခုံ၊ ခါးတို့ ဓားဒဏ်ရာ အချက်များစွာနဲ့ သေဆုံးနေတာကို တွေ့ရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြင်ဖြူရဲစခန်းက စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)