မတရား မလုပ်ခဲ့ဟု ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမားများပြော

0
307

ရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံကို တလကြာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့အပေါ် စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။

စက်ရုံအလုပ်သမားတွေဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံက စက်ပစ္စည်း တချို့ကို မီးရှို့ဖျက်စီးတာတွေ ပြုလုပ်ကြောင်း တရုတ်သတင်းဌာန တချို့မှာ ရေးသားကြတာနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ အဲဒီလို ဖျက်ဆီးတာမျိုး လုံးဝ မလုပ်ခဲ့ကြောင်း ဒီနေ့ Orchid ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ငြင်းဆိုသွားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)