အစိုးရအနေနဲ့ ဈေးကွက်စီးပွားရေး စနစ်အတွက် လက်ဝါးကြီးအုပ်ဖို့ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား

0
304

အစိုးရအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်အတွက် ပံ့ပိုးပေးဖို့သာဖြစ်ပြီး လက်ဝါးကြီး အုပ်ဖို့ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ (၁) ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂ဝ၁၇) အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ NLD အစိုးရရဲ့ မူဝါဒတွေအရ လုပ်ရမယ်ဆိုပြီး ကန့်ကွက်ဖို့လည်း မဟုတ်ဘူးလို့လည်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)