ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲ (Business Talk) တိုက်ရိုက်ထုတ်လွှင့်မယ်

0
292

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲ (Business Talk) အခမ်းအနားတွေကို နိုင်ငံပိုင်ရုပ်သံလိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်ဖို့ရှိနေပါတယ်။

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ၏ အမျိုးသမီးလှုပ်ရှားမှုဆိုင်ရာ ရက်သတ္တပတ် အခမ်းအနားကို နေပြည်တော်ရှိ Kempinski Hotel မှာ ကျင်းပဖို့ရှနေတာပါ။

 

အဲ့ဒီအခမ်းအနားကို နိုင်ငံပိုင် ရုပ်သံဌာန MRTV နဲ့ နိုင်ငံတော်သမ္မတရုံး လူမှုကွန်ရက်စာမျက်နှာတွေက တိုက်ရိုက် မတ်လ ၆ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်အချိန်က စတင်ကာ တိုက်ရိုက် ထုတ်လွှင့်ပေးဖို့ရှိနေတာပါ။

ဒီလို တိုက်ရိုက် ထုတ်လွှင့်မယ့်ကိစ္စပ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)