NLD အစိုးရ လယ်သမားတွေအတွက် သမ၀ါယမအသင်းတွေ ထူထောင်ပေးသွားမယ်

0
320

NLD အစိုးရ လုပ်ကွက်ငယ်တောင်သူလယ်သမားတွေအတွက် လယ်ယာထုတ်ကုန် သမ၀ါယမအသင်းအဖွဲ့တွေ ဖွဲ့စည်းထူထောင်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတက ပြောကြားလိုက်ပါတယ်။

မတ်လ (၂) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတက ပေးပို့တဲ့ ၀ဏ်လွှာမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှတော့ တောင်သူလယ်သမားတွေအနေနဲ့ ကုန်ကြမ်း အဆင့်အနေနဲ့သာမက တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောတွေ ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ကို တင်ပို့ ရောင်းချနိုင်ဖို့အတွက်လည်း အားပေးမြှင့်တင်ဆောင်ရွက် နေတယ်လို့လည်း ဆိုတာပါ။

ဒါအပြင် နိုင်ငံတော်သမ္မတက တောင်သူလယ်သမားတွေအနေနဲ့ နိုင်ငံသား အားလုံးရဲ့ ရေရှည် အမျိုးသားရေး အကျိုးစီးပွားအတွက် ကြုံတွေ့ ရင်ဆိုင်ကြရမယ့် စိန်ခေါ်မှု၊ အတားအဆီးနဲ့ အခက်အခဲ မှန်သမျှတို့ကို လားရာတူသို့ သာတူညီမျှစွာနဲ့ ပြိုင်တူတွန်းကာ ရည်မှန်းချက် ပန်းတိုင်အရောက် ချီတက်ကြဖို့ကိုလည်း တိုက်တွန်းထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)