ရခိုင်ဒေသ ဖွံ့ဖြိုးရေး ဒီနှစ်မှာ ကျပ်ငွေ သန်းပေါင်း ၉ သောင်းနီးပါး အသုံးပြုသွားမယ်

0
257

ရခိုင်ဒေသ ဖွံ့ဖြိုးရေးအတွက် အစိုးရအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ သန်းပေါင်း ၉ သောင်းနီးပါး အသုံးပြုသွားဖို့ရှိနေပါတယ်။

အဲ့ဒီဘဏ္ဍာငွေတွေကို နယ်စပ်ရေးရာဝန်ကြီးဌာနက လုပ်ငန်းပေါင်း ၆၇၀ ကျော်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားလိုက်တာပါ။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့က နေပြည်တော်ရှိ ဘုရင်နောင်ရိပ်သာမှာပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုပြောကြားရာမှာတော့ လာမယ့်ီဘဏ္ဍာနှစ်အတွင်းမှာပဲ ရခိုင်ပြည်နယ်အတွက် သီးသန့်ရန်ပုံငွေအဖြစ် ငွေကျပ် ၃ ဒသမ ၆၅၆ ဘီလီယံ ခွင့်ပြုထားပြီး လမ်းတံတား တည်ဆောက်ရေး လုပ်ငန်း ၁၈ ခုကို ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားထားတာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထဲမှာ ကျပ်ငွေသန်းပေါင်း ၄ သောင်းကျော်နဲ့ သီးသန့်ရန်ပုံငွေ ကျပ်ငွေသန်းပေါင်း ၂ သောင်းကျော် အသုံးပြုခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)