ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ၁ နာရီအတွင်း ဆောင်ရွက်နိုင်ဖို့ တပ်အသင့်ပြင်ထားဟုဆို

0
455

ရခိုင်ပြည်နယ်လုံခြုံရေးအတွက် ၁ နာရီအတွင်း ဆောင်ရွက်နိုင်ဖို့ တပ်အသင့်ပြင်ထားတယ်လို့ မြန်မာ့တပ်မတော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့က နေပြည်တော်ရှိ ဘုရင်နောင်ရိပ်သာမှာပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြင်ဆင်ထားတဲ့နေရာမှာတော့ အချိန်မရွေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လေယာဉ်၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ဖြစ်နေတဲ့နေရာကို ပို့ဆောင်နိုင်အောင် စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)