NLD အစိုးရ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးဟုဆို

0
351

NLD အစိုးရ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မတ်လ (၂) ရက်နေ့မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့ ကြေညာချက်မှာ NDF ပါတီက အဲ့ဒီလို ထုတ်ပြန်လိုက်တာပါ။

ဒါအပြင် အဲ့ဒီကြေညာချက်ထဲမှာပဲ တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာမြေ သိမ်းစည်းခံရမှုတွေအပေါ် ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ရင်လည်း တရားစွဲရုံးတင် ထောင်ကျခံနေဆဲပင်ဖြစ်တယ်လို့လည်း ဖော်ပြထားတာပါ။

ဒါကြောင့် တောင်သူလယ်သမားတွေရဲ့ အကျိုးကို အကာအကွယ်ပေးနိုင်ဖို့ တစ်ခုတည်းသော တောင်သူလယ်သမားသမဂ္ဂပေါ်ထွန်းလာအောင် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)