တောင်သူလယ်သမားတွေ အကြွေးနွံနစ်နေဆဲဟု အမျိုးသားတိုးတက်ရေး NDP ပါတီဆို

0
300

တောင်သူလယ်သမားတွေ အကြွေးနွံနစ်နေဆဲပဲလို့ အမျိုးသားတိုးတက်ရေး NDP ပါတီက ပြောကြားလိုက်ပါတယ်။

မတ်လ (၂) ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ ဂုဏ်ပြုသ၀ဏ်လွှာမှာ အမျိုးသားတိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ပြောကြားလိုက်တာပါ။

ဒါကြောင့် အဲ့ဒီလိုဖြစ်ပေါ်နေတဲ့အပေါ် တောင်သူလယ်သမားတွေ အတွက် ငွေကြေး အရင်းအနှီးနဲ့ နည်းပညာပံ့ပိုးမှုကို ဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့လည်း ထောက်ပြထားတာပါ။

ဒါအပြင် တောင်သူလယ်သမားတွေအတွက် မှန်ကန်တဲ့ဈေးကွက် ချိတ်ဆက်မှု၊ ဘယ်လိုထွက်ကုန်အမျိုးတွေဟာ တောင်သူလယ်သမားတွေအတွက် အကျိုးကျေးဇူးအဖြစ်ဆုံးစတဲ့ ကိစ္စရပ်တွေအတွက် သုတေသနပြုလုပ်ပြီး စီမံခန့်ခွဲပေးဖို့လိုအပ်တယ်လို့လည်း အစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)