Facebook လောကကြီးဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဟု ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဆို

0
302

လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook လောကကြီးဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ ဦးသန်းဌေးက အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ဦးသန်းဌေးက သူရဲ့အမည်နဲ့ Facebook Page အတု တစ်ခု ပေါ်ပေါက်နေကြောင်း အဲ့ဒီ Page ကနေ အဆင့်အတန်းမရှိတဲ့ အရေးအသားတွေကို တင်နေကြောင်းနဲ့ သူ့အနေနဲ့ အဲ့ဒီလို တန်ဖိုးမရှိတဲ့ သိမ်ဖျင်းတဲ့ စကားမျိုးတွေကို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားတာပါ။

ဒီလို Page အတု ပေါ်ပေါက်နေတဲ့အပေါ် cyber crime ကိုလည်း တင်ပြထားပေမယ့် အဲဒီ Page ကို ခုချိန်ထိ ဖြုတ်ချလို့မရသေးဘူးလို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)