စီးပွားရေး တောင့်တင်းတဲ့နိုင်ငံတွေကို မျက်နှာချိုသွေးနေရဟု ဒေါ်အောင်ဆန်းစုကြည်ဆို

0
297

စီးပွားရေး တောင့်တင်းတဲ့ နိုင်ငံတွေကို မျက်နှာချိုသွေးနေရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ (၁) ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂ဝ၁၇) အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဟာ သြဇာလွှမ်းမိုးလာကြတယ်လို့လည်း ပြောဆိုထားတာပါ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံအတွင်းက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရအနေနဲ့ အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားကြဖို့ကိုလည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)