
0
2090





>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော်ရဲ့ ကျူးကျော်ရန်စမှု ပြည်တွင်းစစ်မီးကို ပိုမိုကြီးထွားစေဟုဆို

မြန်မာ့တပ်မတော်ရဲ့ ကျူးကျော်ရန်စတဲ့ အပြုအမှုတွေဟာ ပြည်တွင်းစစ်မီးကို ပိုမိုတောက် လောင်ကြီးထွားအောင် ပြုလုပ်နေတာဖြစ်တယ်လို့ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့က ပြောကြား လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်တာပါ။
ဒီလိုပြောကြားရာမှာတော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ဟာလည်း ဘယ်တော့မှ အထမြောက်မှာ မဟုတ်ဘူးလို့လည်း ပြောကြားထားတာပါ။

ဒါကြောင့် မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေကို မရပ်တန့်ပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့က အကောင်းဆုံးပူးပေါင်းပြီး ခုခံတော်လှန် တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)