ေဗဒင္ဆရာ ေအာင္ခ်စ္ပို ေဖ႔ဘုတ္အေကာင့္ အဟက္ခံထားရဟုေျပာ

0
1901

ေဗဒင္လာေမးတဲ့ အမ်ိဳးသမီးငယ္ေတြကုိ ကာယိေျႏၵပ်က္ျပားေအာင္ျပဳမူခ့ဲတယ္လို႕ စြပ္စြဲခံထားရတဲ့ ကုိးထပ္ႀကီးဘုရားကေဗဒင္ဆရာေအာင္ခ်စ္ပုိကသူ႕ရဲ႕ေဖ့ဘြတ္အေကာင့္အဟက္ခံထားရတယ္လို႕MCNသတင္းဌာနကို ေျပာပါတယ္။

 

ေဗဒင္ဆရာေအာင္ခ်စ္ပိုရဲ့အေကာင့္မွာ သူ႕ကိုစြပ္စြဲ ေရးသားေျပာဆိုေနတာေတြနဲ႔ပက္သက္ျပီးဒိန္း​ပိုပို​ေဒါင္​အပါအ၀င္​​ေနာက္​ထပ္​မိန္​းက​ေလး၅ဦးကိုလည္းထပ္ျပီးသက္​ဆိုင္​ရာပုဒ္​မေတြနဲ႔တရားဆြဲဆိုသြားမယ္လို႔ေရးသားထားတာပါ။

အဲ့ဒီလို ေရးသားထားတာဟာ သူမဟုတ္ပဲ အေကာင့္အဟက္ခံထားရတာသာ ျဖစ္တယ္လို႔ ေျပာဆိုလိုက္တာျဖစ္ပါတယ္ ။

ဗဒင္ဆရာေအာင္ခ်စ္ပိုအေနနဲ႔  မိန္းကေလးေတြကိုမဖြယ္မရာ ျပဳလုပ္ခဲ့တယ္လုိ႕အြန္လိုင္းမွာ ေရးသားျဖန္႕ေ၀ခဲ့တဲ့ Phyo Wai Winအေကာင့္ပိုင္ရွင္နဲ ႔Kay Khine Myint Myatအေကာင့္ပိုင္ရွင္တို႕ကို  အမႈဖြင့္ထားသလို သူ႔ကိုအမႈလာဖြင့္သူေတြကို ျပန္ျပီးအမႈေတြထပ္ဖြင့္သြားဖို႔ ရွိေနတယ္လိုေျပာဆိုထားပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗေဒင်ဆရာ အောင်ချစ်ပို ဖေ့ဘုတ်အကောင့် အဟက်ခံထားရဟုပြော

ဗေဒင်လာမေးတဲ့ အမျိုးသမီးငယ်တွေကို ကာယိန္ဒြေပျက်ပြားအောင်ပြုမူခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကိုးထပ်ကြီးဘုရားကဗေဒင်ဆရာအောင်ချစ်ပိုကသူ့ရဲ့ဖေ့ဘွတ်အကောင့်အဟက်ခံထားရတယ်လို့MCNသတင်းဌာနကို ပြောပါတယ်။
ဗေဒင်ဆရာအောင်ချစ်ပိုရဲ့အကောင့်မှာ သူ့ကိုစွပ်စွဲ ရေးသားပြောဆိုနေတာတွေနဲ့ပက်သက်ပြီး
ဒိန်း​ပိုပို​ဒေါင်​အပါအဝင်​​နောက်​ထပ်​မိန်​းက​လေး၅ဦးကိုလည်းထပ်ပြီးသက်​ဆိုင်​ရာပုဒ်​မတွေနဲ့တရားဆွဲဆိုသွားမယ်လို့ရေးသားထားတာပါ။
အဲ့ဒီလို ရေးသားထားတာဟာ သူမဟုတ်ပဲ အကောင့်အဟက်ခံထားရတာသာ ဖြစ်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ် ။
ဗဒင်ဆရာအောင်ချစ်ပိုအနေနဲ့ မိန်းကလေးတွေကိုမဖွယ်မရာ ပြုလုပ်ခဲ့တယ်လို့အွန်လိုင်းမှာ ရေးသားဖြန့်ဝေခဲ့တဲ့ Phyo Wai Winအကောင့်ပိုင်ရှင်နဲ ့Kay Khine Myint Myatအကောင့်ပိုင်ရှင်တို့ကို အမှုဖွင့်ထားသလို သူ့ကိုအမှုလာဖွင့်သူတွေကို ပြန်ပြီးအမှုတွေထပ်ဖွင့်သွားဖို့ ရှိနေတယ်လိုပြောဆိုထားပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)