NLD အစိုးရနဲ႔ လႊတ္ေတာ္ေတြ စြမ္းေဆာင္ရည္မရွိရင္ ၂၀၂၀ မွာ ဘယ္လိုယံုၾကည္မႈမ်ိဳးနဲ႔ မဲေပးမလဲလို႔ ေမးခြန္းထုတ္

0
2030

NLD ပါတီ ဦးေဆာင္တဲ့ အစိုးရနဲ႔ လႊတ္ေတာ္ေတြ စြမ္းေဆာင္ရည္ မရွိဘူးဆိုရင္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲမွာ မဲဆႏၵရွင္ျပည္သူေတြက ဘယ္လိုယံုၾကည္မႈမ်ိဳးနဲ႔ ဆႏၵမဲေပးမလဲဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာတယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ျမန္မာကြန္ဗင္းရွင္းစင္တာ MCC မွာ ျပဳလုပ္တဲ့ အမ်ဳိးသား ဒီမုိကေရစီ အဖြဲ ့ခ်ဳပ္ရဲ႕ ရန္ကုန္တုိင္းေဒသႀကီး အ႒မအႀကိမ္ တုိင္း၊ ခရုိင္၊ ၿမဳိ ့နယ္ အလုပ္ အမႈေဆာင္ အဖြဲ ့မ်ား စုံညီ ေတြ ့ဆုံပြဲ အခမ္းအနားမွာ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ NLD ပါတီ ဦးေဆာင္တဲ့ အစိုးရနဲ႔ လႊတ္ေတာ္ေတြ စြမ္းေဆာင္ရည္ျမင့္မားဖို႔ ေအာက္ေျခပါတီ၀င္ တစ္ေယာက္ခ်င္းစီကေန ရပ္ေက်းအဆင့္၊ ၿမိဳ႕နယ္အဆင့္၊ ခ႐ိုင္အဆင့္၊ တိုင္းအဆင့္၊ ဗဟိုအဆင့္ အဆင့္ဆင့္က ႀကိဳးဖမ္းေဆာင္ရြက္ၾကဖို႔ လိုအပ္တယ္လို႔လည္း ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD အစိုးရနဲ့ လွှတ်တော်တွေ စွမ်းဆောင်ရည်မရှိရင် ၂၀၂၀ မှာ ဘယ်လိုယုံကြည်မှုမျိုးနဲ့ မဲပေးမလဲလို့ မေးခွန်းထုတ်

NLD ပါတီ ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်တွေ စွမ်းဆောင်ရည် မရှိဘူးဆိုရင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေက ဘယ်လိုယုံကြည်မှုမျိုးနဲ့ ဆန္ဒမဲပေးမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC မှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမအကြိမ် တိုင်း၊ ခရိုင်၊ မြို ့နယ် အလုပ် အမှုဆောင် အဖွဲ ့များ စုံညီ တွေ ့ဆုံပွဲ အခမ်းအနားမှာ ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ NLD ပါတီ ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်တွေ စွမ်းဆောင်ရည်မြင့်မားဖို့ အောက်ခြေပါတီဝင် တစ်ယောက်ချင်းစီကနေ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့် အဆင့်ဆင့်က ကြိုးဖမ်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)