ရခိုင္ေဒသဖြံျဖိဳးေရးအတြက္ စပါးအျပင္အျခားသီးနွံေတြစိုက္ပ်ိဳးဖို႕လိုအပ္ေန (႐ုပ္/သံ)

0
1784

ရခိုင္ျပည္နယ္ဖြံျဖိဳးေရးအတြက္ စပါးစိုက္ပ်ိဳးမႈအျပင္ အျခားသီးနွံေတြပါထည္႔သြင္းစိုက္ပ်ိဳး ဖို႔ UEHRDေကာ္မတီက ညွိႏႈိင္းေရးမွဴးခ်ဳပ္ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္က တိုက္တြန္းေျပာဆိုလိုက္ပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ေအာင္သူကေပးပို႔ထားပါတယ္။

ရခိုင္ျပည္မွာ စပါးတစ္မ်ိဳးတည္းသာထြက္ရွိေနတာျဖစ္တဲ႔အတြက္ ျပည္နယ္ဖြံ႔ျဖိဳးတိုးတက္ဖို႔အတြက္ စပါးမစိုက္တဲ႔ကာလမွာ အျခားသီးနွံေတြစိုက္ပ်ိဳးဖို႔လိုအပ္ေနတဲ႔အတြ႕က္စိုက္ပ်ိဳးရလြယ္ကူတဲ႔ နႏြင္းနဲ႔ ဂ်င္းတို႔ကို ထည္႔သြင္းစိုက္ပ်ိဳးမႈေတြျပဳလုပ္ဖို႔ လိုအပ္ေနတာပါ ။
ဒီအေၾကာင္းကို ေဖေဖာ္၀ါရီလ(၂) ရက္ေန႔က ရန္ကုန္ျမိဳ႕ ျမန္မာႏိုင္ငံကုန္သည္မ်ားနဲ႔စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI)မွာ ျပဳလုပ္တဲ႔ (UEHRD) စီမံကိန္း အေကာင္အထည္ေဖာ္ေရးလုပ္ငန္းအဖြဲ႔ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးပြဲမွာ ပါေမာကၡေဒါက္တာေအာင္ထြန္းသက္က ေျပာဆိုလိုက္တာျဖစ္ပါတယ္ ။

Soundbite ။ပါေမာကၡေဒါက္တာေအာင္ထြန္းသက္(ညွိႏႈိင္းေရးမွဴးခ်ဳပ္)
UEHRD စီမံကိန္း ေကာ္မတီ

ဒါအျပင္ စိုက္ပ်ိဳးေရးနဲ႔အတူ ရခိုင္ေဒသရဲ႕ ေမြးျမဴေရးလုပ္ငန္းေတြျဖစ္တဲ႔ ငါး၊ပုဇြန္ေမြးျမဴေရးအျပင္ ႏြားေမြးျမဴေရးနဲ႔စိတ္ေမြးျမဴေရးတို႔ကိုလည္း တိုးခ်ဲ႕ေဆာင္ရြက္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

Soundbite ။ပါေမာကၡေဒါက္တာေအာင္ထြန္းသက္(ညွိႏႈိင္းေရးမွဴးခ်ဳပ္)
UEHRD စီမံကိန္း ေကာ္မတီ

အဲ႔ဒီေဆြးေႏြးပြဲမွာ UEHRDစီမံကိန္း အေကာင္အထည္ေဖာ္ေရးလုပ္ငန္းအဖြဲ႔၀င္ေတြျဖစ္တဲ႔ ေဆာက္လုပ္ေရးနဲ႔အေျခခံအေဆာက္အအံုတည္ေဆာက္ေရးလုပ္ငန္းအဖြဲ႔၊စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးလုပ္ငန္းအဖြဲ႔၊စီးပြားေရးဇုန္မ်ားဖြံ႔ၿဖိဳးေရးလုပ္ငန္းအဖြဲ႔ စတဲ႔အဖြဲ႔၀င္(၉)ဖြဲ႔တို႔ ေတြ႔ဆံုေဆြးေႏြးခဲ႔တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်ဖွံဖြိုးရေးအတွက် စပါးစိုက်ပျိုးမှုအပြင် အခြားသီးနှံတွေပါထည့်သွင်းစိုက်ပျိုး ဖို့ UEHRDကော်မတီက ညှိနှိုင်းရေးမှူးချုပ်ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က တိုက်တွန်းပြောဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက်အောင်သူကပေးပို့ထားပါတယ်။

ရခိုင်ပြည်မှာ စပါးတစ်မျိုးတည်းသာထွက်ရှိနေတာဖြစ်တဲ့အတွက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စပါးမစိုက်တဲ့ကာလမှာ အခြားသီးနှံတွေစိုက်ပျိုးဖို့လိုအပ်နေတဲ့အတွ့က်စိုက်ပျိုးရလွယ်ကူတဲ့ နနွင်းနဲ့ ဂျင်းတို့ကို ထည့်သွင်းစိုက်ပျိုးမှုတွေပြုလုပ်ဖို့ လိုအပ်နေတာပါ ။
ဒီအကြောင်းကို ဖေဖော်ဝါရီလ(၂) ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှာ ပြုလုပ်တဲ့ (UEHRD) စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြောဆိုလိုက်တာဖြစ်ပါတယ် ။

Soundbite ။ပါမောက္ခဒေါက်တာအောင်ထွန်းသက်(ညှိနှိုင်းရေးမှူးချုပ်)
UEHRD စီမံကိန်း ကော်မတီ

ဒါအပြင် စိုက်ပျိုးရေးနဲ့အတူ ရခိုင်ဒေသရဲ့ မွေးမြူရေးလုပ်ငန်းတွေဖြစ်တဲ့ ငါး၊ပုဇွန်မွေးမြူရေးအပြင် နွားမွေးမြူရေးနဲ့စိတ်မွေးမြူရေးတို့ကိုလည်း တိုးချဲ့ဆောင်ရွက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Soundbite ။ပါမောက္ခဒေါက်တာအောင်ထွန်းသက်(ညှိနှိုင်းရေးမှူးချုပ်)
UEHRD စီမံကိန်း ကော်မတီ

အဲ့ဒီဆွေးနွေးပွဲမှာ UEHRDစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဆောက်လုပ်ရေးနဲ့အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းအဖွဲ့၊စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအဖွဲ့၊စီးပွားရေးဇုန်များဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့ စတဲ့အဖွဲ့ဝင်(၉)ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)