
0
1990




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငါးတန်းကျောင်းသူကို ဆံပင်ဖြူနှုတ်ခိုင်းပြီး သားမယားပြုချင်ခဲ့တဲ့ ကျောင်းလုပ်သားကို အမှုဖွင့်

ငါးတန်းကျောင်းသူကို ဆံပင်ဖြူနှုတ်ခိုင်းပြီး သားမယားပြုချင်ခဲ့တဲ့ ကျောင်းလုပ်သားကို အုပ်ထိန်းသူတွေက အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

မင်းလှမြို့နယ်၊ မြို့မရဲစခန်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အဓမ္မပြုကျင့်ခံရတဲ့ ၅ တန်းကျောင်းသူရဲ့ မိဘတွေက အမှုဖွင့်တိုင်ကြားခဲ့တာပါ။

ဖြစ်စဉ်မှာ မင်းလှမြို့နယ်ထဲက အမည်မဖော်ပြတဲ့ ကျေးရွာတစ်ရွာရဲ့ အထက်တန်းကျောင်းခွဲမှာ ပညာသင်ကြားနေတဲ့ အသက် ၁၂ အရွယ် ၅ တန်းကျောင်းသူကို တစ်ရွာတည်းနေ ကျောင်းအထွေထွေလုပ်သား ဦးအောင်ဆန်း အသက် (၅၀) နှစ်က နေ့လယ် ၁၂ နာရီအချိန်ခန့်လောက်မှာ ဆံပင်ဖြူနှုတ်ခိုင်းပြီး သားမယားအဖြစ် အဓမ္မ(၁)ကြိမ်ပြုကျင့်ခဲ့တာလို့ တရားလိုတွေက အမှုဖွင့်တိုင်ကြားထားတာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး မင်းလှမြို့နယ်၊ မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)