
0
1933




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD ပါတီကို ပြည်သူပိုမို လက်ခံအောင်လုပ်ပေးရမယ့်တာဝန် အစိုးရနဲ့ လွှတ်တော်မှာရှိဟုဆို

NLD ပါတီကို ပြည်သူပိုမို လက်ခံအောင်လုပ်ပေးရမယ့်တာဝန် အစိုးရနဲ့ လွှတ်တော်မှာ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC မှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမအကြိမ် တိုင်း၊ ခရိုင်၊ မြို ့နယ် အလုပ် အမှုဆောင် အဖွဲ့များ စုံညီ တွေ့ဆုံပွဲ အခမ်းအနားမှာ ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ပါတီကို ပိုမို တိုးတက်တဲ့ ပြည်သူလူထုက ပိုမိုလက်ခံလာမယ့် အခြေအနေတစ်ရပ် ဖြစ်အောင် ကြိုးပမ်း ကြရမှာဖြစ်ပြီး အဲ့ဒီတာဝန်ဟာ အစိုးရနဲ့ လွှတ်တော်တွေမှာ ရှိတယ်လို့ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)