
0
1806






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံအတွင်း မြန်မာ နိုင်ငံဘက် က ဆိတ်မှောင်ခိုတင်သွင်းမှုတွေကို ဖမ်းဆီး

တရုတ်နိုင်ငံအတွင်းမှာ ဆိတ် မှောင်ခို ပြုလုပ်မှုတွေကို ဖမ်းဆီးမှု တွေပြုလုပ်ခဲ့ရာ မှောင်ခိုတင့်သွင်းသူ ၃၇ ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒါအပြင် မှောင်ခိုတင်သွင်းမှု နဲ့အတူ ဆိတ်အကောင်ပေါင်း ၇၀ဝ ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ တရုတ်မီဒီယာတွေကဖော်ပြပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဆီကို ဆိတ်တွေကိုမှောင်ခို အဓိကတင်သွင်းခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၃ သန်းတန်ကြေးရှိ ဆိတ်အကောင်ရေတန်ချိန် ၁၀ဝ၀ဝ ကိုမှောင်ခိုတင်သွင်းမှုတွေကို လုပ်ခဲ့ချိန်မှာဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။
တရုတ်မှောင်ခို တင်သွင်းမှုဆန်ကျင်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Fu Xiang က တ ရုတ်နိုင်ငံအတွင်းကို ဆိတ်မှောင်ခိုတင်သွင်းမှု ပြုလုပ်တဲ့နေရာသုံးခုကို ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီး မှောင်ခိုတင်သွင်းတဲ့ သိုး၊ ဆိတ်အကောင်ရေ တွေလည်းပါဝင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါအပြင် ဆိတ်အကောင်ရေ ၅၀ဝ ကို မှောင်ခိုတင်သွင်းမှုလုပ်တဲ့ ကုန်ကားကို ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီကား ဟာ တရုတ်- မြန်မာ နယ်စပ်ဒေသကနေ တရုတ်နိုင်ငံထဲကို မှောင်ခိုတင်သွင်းမှုလုပ်ခဲ့တာလို့ တရုတ်မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)