
0
1960
(Photo – Reuters)




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာမှု ဆက်လုပ်နေ

ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာမှုတွေ ဆက်လုပ်နေကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က မောင်တောမြို့နယ်၊ ဂေါ်ဒူသာရချောင်းဝ ပင်လယ်ကမ်းခြေ ခန့်မှန်း (DT-352955) မှာရောက်ရှိနေကြတဲ့ ဘင်္ဂါလီ ၃၅၈ ထဲက အယောက် ၅၀ လှေငယ် ၂ စီးနဲ့ ထွက်ခွာသွားတာလို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်က ဆိုတာပါ။

အဲဒီထွက်ခွာ သွားသူတွေထဲမှာတော့ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၂၉ ဦးတို့ ပါဝင်သွားတာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီနေရာမှာ အမျိုးသား ၁၉၄ ယောက်နဲ့ အမျိုးသမီး ၁၁၄ ဦး စုစုပေါင်း ဘင်္ဂါလီ ၃၀၈ ဦး ဆက်လက်နေထိုင်နေကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)