ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕မွာ ေခြး႐ူးကိုက္ခံရသူ ၂၃ ဦး ေဆး႐ံုတင္ထားရ

0
2017

ေဖေဖာ္၀ါရီလ ၂ ရက္ေန႔ နံနက္ပိုင္းက ေက်ာက္ျဖဴၿမိဳ႕နယ္ အေထြေထြျပည္သူ႔ေဆး႐ံုႀကီးအနီးတ၀ိုက္မွာ ေခြး႐ူးလို႔ယူဆရတဲ႔ ေခြးမတစ္ကာင္နဲ႔အျခားေခြး တစ္ေကာင္က လမ္းသြားလမ္းလာေတြကို ကိုက္ခဲ့ တာျဖစ္ပါတယ္ ။

အဲဒီလိုအကိုက္ခံရသူ စုစုေပါင္း ၂၃ ေယာက္ရွိျပီး ေခြး႐ူးကိုက္ခံရတဲ႔အထဲမွာ အသက္ ၁၂ နွစ္ေအာက္ကေလးငယ္ ၈ ေယာက္ပါ၀င္ပါတယ္ ။

ေခြးကိုက္ခံရသူေတြဟာ  မ်က္နွာ ၊ လက္ေမာင္း၊ ၀မ္းဗိုက္၊ ေပါင္၊ ေျခေထာက္ စတဲ့ ေနရာေတြမွာ အကိုက္ခံခဲ႔ရတာျဖစ္ၿပီး  လက္ရွိအခ်ိန္မွာလူနာေတြကို ေက်ာက္ျဖဴေဆး႐ံုႀကီးမွာ ေဆးကုသေပးေနတာပါ။

လက္ရွိအခ်ိန္မွာ လူနာေတြကို ေခြး႐ူးကာကြယ္ေဆးထုိးနွံေပးထားၿပီး လိုအပ္တဲ့ေဆး၀ါးေတြကို ရန္ကုန္က မွာယူထားေၾကာင္း ေက်ာက္ျဖဴေဆး႐ံုႀကီး တာ၀န္ရွိသူေတြကေျပာဆိုထားပါတယ္။

ေက်ာက္ျဖဴၿမိဳ႕ကလူေတြကိုကိုက္ခဲ့တဲ့ ေခြးနွစ္ေကာင္ထဲက တစ္ေကာင္ကို ေဒသခံေတြက သတ္နိုင္ခဲ့ ေပမယ့္ အရင္ဦးဆုံးစကိုက္တဲ့ေခြးကို ရွာေဖြမရေသးေၾကာင္း ေဒသခံေတြကေျပာဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ခွေးရူးကိုက်ခံရသူ ၂၃ ဦး ဆေးရုံတင်ထားရ

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် အထွေထွေပြည်သူ့ဆေးရုံကြီးအနီးတဝိုက်မှာ ခွေးရူးလို့ယူဆရတဲ့ ခွေးမတစ်ကာင်နဲ့အခြားခွေး တစ်ကောင်က လမ်းသွားလမ်းလာတွေကို ကိုက်ခဲ့ တာဖြစ်ပါတယ် ။

အဲဒီလိုအကိုက်ခံရသူ စုစုပေါင်း ၂၃ ယောက်ရှိပြီး ခွေးရူးကိုက်ခံရတဲ့အထဲမှာ အသက် ၁၂ နှစ်အောက်ကလေးငယ် ၈ ယောက်ပါဝင်ပါတယ် ။

ခွေးကိုက်ခံရသူတွေဟာ မျက်နှာ ၊ လက်မောင်း၊ ဝမ်းဗိုက်၊ ပေါင်၊ ခြေထောက် စတဲ့ နေရာတွေမှာ အကိုက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာလူနာတွေကို ကျောက်ဖြူဆေးရုံကြီးမှာ ဆေးကုသပေးနေတာပါ။

လက်ရှိအချိန်မှာ လူနာတွေကို ခွေးရူးကာကွယ်ဆေးထိုးနှံပေးထားပြီး လိုအပ်တဲ့ဆေးဝါးတွေကို ရန်ကုန်က မှာယူထားကြောင်း ကျောက်ဖြူဆေးရုံကြီး တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။

ကျောက်ဖြူမြို့ကလူတွေကိုကိုက်ခဲ့တဲ့ ခွေးနှစ်ကောင်ထဲက တစ်ကောင်ကို ဒေသခံတွေက သတ်နိုင်ခဲ့ ပေမယ့် အရင်ဦးဆုံးစကိုက်တဲ့ခွေးကို ရှာဖွေမရသေးကြောင်း ဒေသခံတွေကပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)