ယူ ၁၆ အသင္းက လူငယ္ေဘာလံုးကစားသမားေတြကို ေလ့က်င့္သင္ၾကားေပးမယ္ (႐ုပ္/သံ)

0
1778

ျမန္မာ့လက္ေရြးစင္ ယူ ၁၆ အသင္းက လူငယ္ ေဘာလံုးကစားသမားေတြကို မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ကစားသမားေဟာင္းေတြနဲ႕ ေဘာလံုးကစားနည္းေတြကို ေလ့က်င့္ သင္ၾကားေပးမွာျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ သတင္းေထာက္ ေနမင္းခ က ေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕နဲ႕ေတာင္ႀကီးၿမိဳ႕မွာရွိတဲ့ ျမန္မာ့လက္ေရြးစင္ ယူ ၁၆ အသင္းက လူငယ္ေဘာလံုးသမားေတြကို မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားခဲ့တဲ့ ကစားသမားေဟာင္းေတြက ေဘာလံုးနည္းပညာေတြ ကို ရက္တိုသင္တန္းအျဖစ္ ေလ့က်င့္သင္ၾကားေပးမွာျဖစ္တယ္လို႕ Manda Fermentation ကုမၸဏီက ေဖေဖာ္၀ါရီလ ၃ ရက္ေန႕က ႏိုဗိုတယ္ ဟိုတယ္မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ေျပာၾကားခဲ့ပါတယ္။

Soundbite ဦးျမင့္ဦး (အုပ္ခ်ဳပ္မႈဒါရိုက္တာ ) Manda Fermentation

အခုလို ျပဳလုပ္ေပးတာဟာ ျမန္မာႏိုင္ငံအတြင္း မွာရွိတဲ့ လက္ေရြးစင္ လူငယ္ကစားသမားေတြ ကို ကမၻာေက်ာ္ ေဘာလံုးအသင္းက ကစားနညး္ဟန္ေတြ ျပည္တြင္းမွာ ေလ့့လာသင္ယူလို႕ရေအာင္ ျပဳလုပ္ေပးတာျဖစ္တယ္လို႕ Manda Fermentation ကုမၸဏီက အုပ္ခ်ဳပ္မႈဒါရိုက္တာ ဦးျမင့္ဦးက ေျပာပါတယ္။

Soundbite ဦးျမင့္ဦး (အုပ္ခ်ဳပ္မႈဒါရိုက္တာ ) Manda Fermentation

Manda Fermentation ကုမၸဏီ က အခု ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ နဲ႕ ပူးေပါင္းၿပီး ၂၀၁၇ခုႏွစ္က ရန္ကုန္ၿမိဳ႕နဲ႕ပုသိမ္ၿမိဳ႕မွာရွိတဲ့ လက္ေရြးစင္လူငယ္ကစားသမားေတြကို ေလ့က်င့္ သင္ၾကားေပးမႈေတြျပဳလုပ္ေပးခဲ့ၿပီး အခု ဒုတိယ အႀကိမ္ ရန္ကုန္ၿမိဳ႕ နဲ႕ ေတာင္ႀကီး ၿမိဳ႕ေတြမွာ ေဖေဖာ္၀ါရီလအတြင္း ၂ ရက္ၾကာ ရက္တိုသင္တန္းေတြ ထပ္မံျပဳလုပ္သြားမွာျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့လက်ရွေးစင် ယူ ၁၆ အသင်းက လူငယ် ဘောလုံးကစားသမားတွေကို မန်ချက်စတာ ယူနိုက်တက်အသင်းက ကစားသမားဟောင်းတွေနဲ့ ဘောလုံးကစားနည်းတွေကို လေ့ကျင့် သင်ကြားပေးမှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ သတင်းထောက် နေမင်းခ က ပေးပို့ထားပါတယ်။

ရန်ကုန်မြို့နဲ့တောင်ကြီးမြို့မှာရှိတဲ့ မြန်မာ့လက်ရွေးစင် ယူ ၁၆ အသင်းက လူငယ်ဘောလုံးသမားတွေကို မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ကစားသမားဟောင်းတွေက ဘောလုံးနည်းပညာတွေ ကို ရက်တိုသင်တန်းအဖြစ် လေ့ကျင့်သင်ကြားပေးမှာဖြစ်တယ်လို့ Manda Fermentation ကုမ္ပဏီက ဖေဖော်ဝါရီလ ၃ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားခဲ့ပါတယ်။

Soundbite ဦးမြင့်ဦး (အုပ်ချုပ်မှုဒါရိုက်တာ ) Manda Fermentation

အခုလို ပြုလုပ်ပေးတာဟာ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ လက်ရွေးစင် လူငယ်ကစားသမားတွေ ကို ကမ္ဘာကျော် ဘောလုံးအသင်းက ကစားနညး်ဟန်တွေ ပြည်တွင်းမှာ လေ့လာသင်ယူလို့ရအောင် ပြုလုပ်ပေးတာဖြစ်တယ်လို့ Manda Fermentation ကုမ္ပဏီက အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဦးက ပြောပါတယ်။

Soundbite ဦးမြင့်ဦး (အုပ်ချုပ်မှုဒါရိုက်တာ ) Manda Fermentation

Manda Fermentation ကုမ္ပဏီ က အခု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နဲ့ ပူးပေါင်းပြီး ၂၀၁၇ခုနှစ်က ရန်ကုန်မြို့နဲ့ပုသိမ်မြို့မှာရှိတဲ့ လက်ရွေးစင်လူငယ်ကစားသမားတွေကို လေ့ကျင့် သင်ကြားပေးမှုတွေပြုလုပ်ပေးခဲ့ပြီး အခု ဒုတိယ အကြိမ် ရန်ကုန်မြို့ နဲ့ တောင်ကြီး မြို့တွေမှာ ဖေဖော်ဝါရီလအတွင်း ၂ ရက်ကြာ ရက်တိုသင်တန်းတွေ ထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)