ျမန္မာနဲ႔ ဆီးရီးယားတုိ႔ ေျမာက္ကိုရီးယားကေန စစ္လက္နက္ အေထာက္ပံရယူေနလို႔ ေျပာ

0
2557

ေျမာက္ကိုရီးယားႏုိင္ငံ ဟာ ၂၀၁၇ ခုႏွစ္ အတြင္း ကုလသမဂၢက ပိတ္ပင္တားမႈထားတဲ့ ကုန္စည္ေတြက အေမရိကန္ေဒၚလာ ၂၀၀ သန္းနီးပါးရရွိခဲ့ၿပီး ဆီးရီးယား နဲ႔ ျမန္မာႏုိင္ငံတုိ႔ကို စစ္လက္နက္ေတြ ေထာက္ပံေပးေနတယ္လုိ႔ ကုလသမဂၢ ေစာင့္ၾကည့္ေနရးအဖြဲ႔က အစီရင္ခံစာမွာ သတင္းထုတ္ျပန္ ထားပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ဒံုးက်ည္နဲ႔ ႏ်ဴကလီယားအစီစဥ္ေတြအတြက္ အေထာက္ပံျဖစ္ေစမယ့္အရာေတြကို ရပ္ႏုိင္ေအာင္ ကုလသမဂၢဟာ ၂၀၁၆ ခုႏွစ္တည္းကေျမာက္ကိုရီးယားႏိုင္ငံအေပၚက ေက်ာက္မီးေသြး၊ သံ၊ အထည္လမ္၊ ပင္လယ္စာ၊ ေရနံတင္ပို႔မႈ စတဲ့အရာေတြကို ပိတ္ပင္မႈေတြခ်မွတ္ခဲ့ပါတယ္။

ကုလသမဂၢေစာင့္ၾကည့္ေရးအဖြဲ႔က ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ဆီးရီးယား၊ ျမန္မာတို႔ နဲ႔ ပဲ့ထိန္းဒံုးက်ည္ ပူးေပါင္းေဆာင္ရြက္မႈ ပိုင္းကို စံုစမ္းမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ေျပာပါတယ္။ ကုလသမဂၢ ေစာင့္ၾကည့္ေရးအဖြဲ႔႕ က ျမန္မာႏုိင္ငံ ဟာ ေျမာက္ကိုရီးယားႏုိင္ငံဆီကေန ေျမျပင္မွေဝဟင္ပစ္ဒံုးက်ည္၊ ေရာက့တ္ေလာင္ခ်ာ၊ အပါဝင္ ပဲ့ထိန္းဒံုးက်ည္စနစ္ေတြ လက္ခံရရွိေနတယ္ဆုိတဲ့သက္ေသေတြကို ရရွိထားတယ္လို႔ ေျပာပါတယ္။

ကုလသမဂၢဆုိင္ရာျမန္မာ သံအမတ္ႀကီးကေတာ့ ကုလသမဂၢေစာင့္ၾကည့္ေရးအဖြဲ႔ရဲ႕ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လုိ႔ တစ္စံုတရာ မွတ္ခ်က္ျပဳတာမရွိဘူးလို႔ ျပည္ပမီဒီယာေတြမွာေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ ဆီးရီးယားတို့ မြောက်ကိုရီးယားကနေ စစ်လက်နက် အထောက်ပံရယူနေလို့ ပြော

မြောက်ကိုရီးယားနိုင်ငံ ဟာ ၂၀၁၇ ခုနှစ် အတွင်း ကုလသမဂ္ဂက ပိတ်ပင်တားမှုထားတဲ့ ကုန်စည်တွေက အမေရိကန်ဒေါ်လာ ၂၀ဝ သန်းနီးပါးရရှိခဲ့ပြီး ဆီးရီးယား နဲ့ မြန်မာနိုင်ငံတို့ကို စစ်လက်နက်တွေ ထောက်ပံပေးနေတယ်လို့ ကုလသမဂ္ဂ စောင့်ကြည့်နေရးအဖွဲ့က အစီရင်ခံစာမှာ သတင်းထုတ်ပြန် ထားပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီယားအစီစဉ်တွေအတွက် အထောက်ပံဖြစ်စေမယ့်အရာတွေကို ရပ်နိုင်အောင် ကုလသမဂ္ဂဟာ ၂၀၁၆ ခုနှစ်တည်းကမြောက်ကိုရီးယားနိုင်ငံအပေါ်က ကျောက်မီးသွေး၊ သံ၊ အထည်လမ်၊ ပင်လယ်စာ၊ ရေနံတင်ပို့မှု စတဲ့အရာတွေကို ပိတ်ပင်မှုတွေချမှတ်ခဲ့ပါတယ်။

ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့က မြောက်ကိုရီးယားနိုင်ငံရဲ့ ဆီးရီးယား၊ မြန်မာတို့ နဲ့ ပဲ့ထိန်းဒုံးကျည် ပူးပေါင်းဆောင်ရွက်မှု ပိုင်းကို စုံစမ်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ က မြန်မာနိုင်ငံ ဟာ မြောက်ကိုရီးယားနိုင်ငံဆီကနေ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်၊ ရောက့တ်လောင်ချာ၊ အပါဝင် ပဲ့ထိန်းဒုံးကျည်စနစ်တွေ လက်ခံရရှိနေတယ်ဆိုတဲ့သက်သေတွေကို ရရှိထားတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာမြန်မာ သံအမတ်ကြီးကတော့ ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တစ်စုံတရာ မှတ်ချက်ပြုတာမရှိဘူးလို့ ပြည်ပမီဒီယာတွေမှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)