ရတနာပံု တိရစာၦန္ဥယ်ာဥ္မွာ အစမ္းခန္႔ဝန္ထမ္း လက္ကို က်ားကိုက္ခံရ

0
1696

မႏၱေလးတိုင္း၊ ရတနာပံု တိရစာၦန္ဥယ်ာဥ္မွာ အစမ္းခန္႔ ဝန္ထမ္းတစ္ဦး ဇန္နဝါရီ ၃၁ ရက္ေန႔ ညေနက လက္ကို က်ားကိုက္ခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁ ရက္ေန႔ကစၿပီး အစမ္းခန္႔ထားတဲ့ ဝန္ထမ္း ဦးရဲမာန္ဦးဟာ က်ား႐ံုျပကြက္ကို ကိုယ့္သေဘာနဲ႔ကို သြားေရာက္ကာ အသက္ ၃ ႏွစ္အရြယ္ က်ားမေလးကို ပြတ္သပ္ကိုင္တြယ္ရာက ဘယ္ဘက္ လက္ေကာက္ဝတ္ကို က်ားမေလးက ငံုခဲခဲ့တာ ျဖစ္ပါတယ္။ က်ား႐ံုတာဝန္က် ဝန္ထမ္းေတြက ကူညီေဆာင္ရြက္ေပးလို႔ မစိုးရိမ္ရတဲ့ ဒဏ္ရာသာ ရရွိခဲ့ပါတယ္။

ရတနာပံု တိရစာၦန္ဥယ်ာဥ္မွာ က်ားအထီး ၅ ေကာင္၊ က်ားမ ၄ ေကာင္ရွိပါတယ္။ တျခားႏို႔တိုက္ တိရစာၦန္ ၃၂၄ ေကာင္နဲ႔ တြားသြား တိရစာၦန္ ၃၇၁ ေကာင္၊ စုစုေပါင္း ေကာင္ေရ ၁၁၀၀ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ အစမ်းခန့်ဝန်ထမ်း လက်ကို ကျားကိုက်ခံရ

မန္တလေးတိုင်း၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ အစမ်းခန့် ဝန်ထမ်းတစ်ဦး ဇန်နဝါရီ ၃၁ ရက်နေ့ ညနေက လက်ကို ကျားကိုက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အစမ်းခန့်ထားတဲ့ ဝန်ထမ်း ဦးရဲမာန်ဦးဟာ ကျားရုံပြကွက်ကို ကိုယ့်သဘောနဲ့ကို သွားရောက်ကာ အသက် ၃ နှစ်အရွယ် ကျားမလေးကို ပွတ်သပ်ကိုင်တွယ်ရာက ဘယ်ဘက် လက်ကောက်ဝတ်ကို ကျားမလေးက ငုံခဲခဲ့တာ ဖြစ်ပါတယ်။ ကျားရုံတာဝန်ကျ ဝန်ထမ်းတွေက ကူညီဆောင်ရွက်ပေးလို့ မစိုးရိမ်ရတဲ့ ဒဏ်ရာသာ ရရှိခဲ့ပါတယ်။

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ ကျားအထီး ၅ ကောင်၊ ကျားမ ၄ ကောင်ရှိပါတယ်။ တခြားနို့တိုက် တိရစ္ဆာန် ၃၂၄ ကောင်နဲ့ တွားသွား တိရစ္ဆာန် ၃၇၁ ကောင်၊ စုစုပေါင်း ကောင်ရေ ၁၁၀ဝ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)