ဆင္ျဖဴရွင္ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းစစ္ဆင္ေရး ဒုတိယပိုင္း ဆက္လက္ ေလ့က်င့္

0
1894

တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) ပူးေပါင္းစစ္ဆင္ေရး (ဆင္ျဖဴရွင္) ဒုတိယပုိင္း ေလ့က်င့္ခန္းကို ဒီေန႔ ေဖေဖာ္ဝါရီ ၃ ရက္မွာ ဆက္လက္ ေလ့က်င့္ေနပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၂ ရက္ေန႔ ဆင္ျဖဴရွင္ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းစစ္ဆင္ေရး ေလ့က်င့္ခန္း ပထမပိုင္းကို အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ ပုသိမ္တပ္နယ္မွာ လုပ္ေဆာင္ရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ ၾကည့္႐ႈစစ္ေဆးပါတယ္။

တပ္မ အဆင့္ တုိက္စစ္ျပဳလုပ္ရာမွာ အတြဲလုိက္ ဒုံးေတြ ပစ္ခတ္ျခင္း၊ တပ္မေတာ္ (ေလ) က တုိက္ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ ရန္သူပစ္မွတ္ အသီးသီးကို ႀကိဳတင္ေခ်မႈန္းျခင္း၊ ေျခလ်င္တပ္ေတြက ထုိးေဖာက္ ဝင္ေရာက္ၿပီး ရန္သူကုိ ေခ်မႈန္း တုိက္ခိုက္ကာ ရည္မွန္းခ်က္ အသီးသီးကို သိမ္းပုိက္ျခင္း ေလ့က်င့္မႈကုိ ေဆာင္ရြက္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆင်ဖြူရှင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဒုတိယပိုင်း ဆက်လက် လေ့ကျင့်

တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး (ဆင်ဖြူရှင်) ဒုတိယပိုင်း လေ့ကျင့်ခန်းကို ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ဆက်လက် လေ့ကျင့်နေပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂ ရက်နေ့ ဆင်ဖြူရှင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ပထမပိုင်းကို အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ်မှာ လုပ်ဆောင်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုစစ်ဆေးပါတယ်။

တပ်မ အဆင့် တိုက်စစ်ပြုလုပ်ရာမှာ အတွဲလိုက် ဒုံးတွေ ပစ်ခတ်ခြင်း၊ တပ်မတော် (လေ) က တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ရန်သူပစ်မှတ် အသီးသီးကို ကြိုတင်ချေမှုန်းခြင်း၊ ခြေလျင်တပ်တွေက ထိုးဖောက် ဝင်ရောက်ပြီး ရန်သူကို ချေမှုန်း တိုက်ခိုက်ကာ ရည်မှန်းချက် အသီးသီးကို သိမ်းပိုက်ခြင်း လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)