
0
1734




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူ့အခွင့်အရေး ချိုးဖောက်မှုရှိရင် စုံစမ်းစစ်ဆေး အရေးယူမယ်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့ ငြင်းဆန်ခြင်း မပြုဘဲ တိကျမှန်ကန် ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ သက်သေအထောက်အထား ရရှိရင် မြန်မာအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေး အရေးယူမယ်လို့ ထပ်မံ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီမူဝါဒနဲ့ အညီ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ ဆရာဝန်၊ စည်ပင်၊ လဝက၊ မီးသတ်ဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဂူတာပြင် ကျေးရွာတာဝန်ခံနဲ့ ရပ်မိရပ်ဖ ၁၇ ဦးပါဝင်တဲ့ အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်မှာ သွားရောက် စစ်ဆေးပါတယ်။

အဲဒီ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က စနစ်တကျ ကွင်းဆင်းစစ်ဆေးရာမှာ ပဏာမစိစစ်ချက် အရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)