ဂူတာျပင္မွာ တိုက္ခိုက္မႈျဖစ္ၿပီး အၾကမ္းဖက္သမား ၁၉ ဦး ေသဆံုးခဲ့ဖူးတယ္လို႔ သတင္းထုတ္ျပန္

0
1766

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဂူတာျပင္ေက်းရြာမွာ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၈ ရက္ေန႔က ARSA အၾကမ္းဖက္အဖြဲ႔နဲ႔ ရြားသားေတြ ပါဝင္တဲ့ အင္အား ၅၀၀ ခန္႔ လူအုပ္နဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ေတြ တိုက္ခိုက္ပစ္ခတ္မႈ ျဖစ္ၿပီး အၾကမ္းဖက္သမား ၁၉ ဦး ေသဆံုးခဲ့တယ္လို႔ အစိုးရက သတင္းထုတ္ျပန္ပါတယ္။

ARSA အၾကမ္းဖက္အဖြဲ႔က တုတ္၊ ဓား၊ ဂ်င္ကလိ၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္လို႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ၁ ဦး ထိခိုက္ဒဏ္ရာ ရရွိေၾကာင္း၊ ARSA အၾကမ္းဖက္သမား အေလာင္း ၁၉ ေလာင္းနဲ႔ အတူ တုတ္၊ ဓား၊ က်ည္ခြံေတြ သိမ္းဆည္းရမိေၾကာင္း၊ အၾကမ္းဖက္သမား အေလာင္း ၁၉ ေလာင္းကို စနစ္တက် ျမွဳပ္ႏွံသၿဂႋဳဟ္ခဲ့ၿပီး ေညာင္ေခ်ာင္းနယ္ေျမရဲစခန္းမွာ ေသမႈေသခင္း အမွတ္စဥ္ ၅/ ၂၀၁၇၊ အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅ဝ (စ်) နဲ႔ အမႈဖြင့္ခဲ့ေၾကာင္း စိစစ္ေတြ႔ရွိရတယ္လို႔ သတင္းထုတ္ျပန္ပါတယ္။

ဂူတာျပင္ေက်းရြာ ဝန္းက်င္မွာ ရာနဲ႔ခ်ီတဲ့ ႐ုပ္အေလာင္းေတြကို ေနရာ ၅ ေနရာမွာ အစုလုိက္အၿပံဳလိုက္ ျမွဳပ္ႏွံထားေၾကာင္း၊ အေလာင္းေတြကို အက္ဆစ္ေလာင္းၿပီး ေဖ်ာက္ဖ်က္ဖို႔ စီစဥ္ထားတာေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနေၾကာင္း AP သတင္းဌာနက ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ ေဖာ္ျပခဲ့လို႔ အဖြဲ႔ဝင္ ၁၇ ဦးပါ အဖြဲ႔က သြားေရာက္ စစ္ေဆးၿပီး သတင္းထုတ္ျပန္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂူတာပြင်မှာ တိုက်ခိုက်မှုဖြစ်ပြီး အကြမ်းဖက်သမား ၁၉ ဦး သေဆုံးခဲ့ဖူးတယ်လို့ သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့နဲ့ ရွားသားတွေ ပါဝင်တဲ့ အင်အား ၅၀ဝ ခန့် လူအုပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပစ်ခတ်မှု ဖြစ်ပြီး အကြမ်းဖက်သမား ၁၉ ဦး သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ARSA အကြမ်းဖက်အဖွဲ့က တုတ်၊ ဓား၊ ဂျင်ကလိ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ ARSA အကြမ်းဖက်သမား အလောင်း ၁၉ လောင်းနဲ့ အတူ တုတ်၊ ဓား၊ ကျည်ခွံတွေ သိမ်းဆည်းရမိကြောင်း၊ အကြမ်းဖက်သမား အလောင်း ၁၉ လောင်းကို စနစ်တကျ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီး ညောင်ချောင်းနယ်မြေရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၅/ ၂၀၁၇၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (ဈ) နဲ့ အမှုဖွင့်ခဲ့ကြောင်း စိစစ်တွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဂူတာပြင်ကျေးရွာ ဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေကို နေရာ ၅ နေရာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း၊ အလောင်းတွေကို အက်ဆစ်လောင်းပြီး ဖျောက်ဖျက်ဖို့ စီစဉ်ထားတာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြောင်း AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့လို့ အဖွဲ့ဝင် ၁၇ ဦးပါ အဖွဲ့က သွားရောက် စစ်ဆေးပြီး သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)