မေလးရွားမွာ ျမန္မာတစ္ဦး ႐ုိက္ႏွက္မႈေၾကာင့္ ေထာင္ ၁၀ ႏွစ္က်

0
2366

အလုပ္လက္မဲ့တစ္ဦးကို ျပင္းျပင္းထန္ထန္ ထိခိုက္နာက်င္ေစမႈနဲ႔ စားေသာက္ဆိုင္အကူ ျမန္မာလုပ္သားတစ္ဦးကို ေထာင္ဒဏ္ ၁၀ ႏွစ္နဲ႔ ႀကိမ္ဒဏ္ ၂ ခ်က္ ျပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ကပ္ေဟာင္ေထာင္ကို ျပစ္မႈထင္ရွားတဲ့အတြက္ တရားသူႀကီး ဒါတင္ ခြန္နာဆြန္ဒရီက မေန႔က ေဖေဖာ္ဝါရီ ၂ ရက္ေန႔မွာ ေထာင္ဒဏ္နဲ႔ ႀကိမ္ဒဏ္ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

မႏွစ္က မတ္လ ၁၂ ရက္ေန႔မွာ အဖမ္းခံရတဲ့ ျမန္မာႏိုင္ငံသားဟာ ထိခိုက္နာက်င္ေအာင္ လုပ္မႈမွာ အျပစ္လြတ္ေအာင္ ထြက္ဆိုႏိုင္ျခင္း မရွိေၾကာင္း၊ ျပင္းျပင္းထန္ထန္ ထိခိုက္သူက မူဟာမက္ နာဂ်ပ္ဘူဒင္ နက္ဇဒင္ (၁၉ ႏွစ္) ျဖစ္ၿပီး အုတ္ခဲကို အသံုးျပဳ တိုက္ခိုက္လို႔ လက္ေကာက္ဝတ္မွာ ဒဏ္ရာရခဲ့ေၾကာင္း မေလးရွားက လာတဲ့ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ မြန်မာတစ်ဦး ရိုက်နှက်မှုကြောင့် ထောင် ၁၀ နှစ်ကျ

အလုပ်လက်မဲ့တစ်ဦးကို ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်စေမှုနဲ့ စားသောက်ဆိုင်အကူ မြန်မာလုပ်သားတစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ကြိမ်ဒဏ် ၂ ချက် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကပ်ဟောင်ထောင်ကို ပြစ်မှုထင်ရှားတဲ့အတွက် တရားသူကြီး ဒါတင် ခွန်နာဆွန်ဒရီက မနေ့က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မနှစ်က မတ်လ ၁၂ ရက်နေ့မှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားဟာ ထိခိုက်နာကျင်အောင် လုပ်မှုမှာ အပြစ်လွတ်အောင် ထွက်ဆိုနိုင်ခြင်း မရှိကြောင်း၊ ပြင်းပြင်းထန်ထန် ထိခိုက်သူက မူဟာမက် နာဂျပ်ဘူဒင် နက်ဇဒင် (၁၉ နှစ်) ဖြစ်ပြီး အုတ်ခဲကို အသုံးပြု တိုက်ခိုက်လို့ လက်ကောက်ဝတ်မှာ ဒဏ်ရာရခဲ့ကြောင်း မလေးရှားက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)