
0
1770



>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်လိုင်စင်နဲ့ အပ်တဲ့ ယာဉ်အို ယာဉ်ဟောင်းတွေကို ရန်ကုန်လိုင်စင် ထုတ်မပေးတော့
နယ်လိုင်စင်နဲ့ အပ်နှံတဲ့ ယာဉ်အို ယာဉ်ဟောင်းတွေကို နယ်လိုင်စင်သာ ထုတ်ပေးမှာ ဖြစ်ပြီး ရန်ကုန်လိပ်စာနဲ့ ပြောင်းလဲထောက်ခံချက် မပေးဖို့ နေပြည်တော်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်က ညွှန်ကြားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လိုင်စင်နဲ့ အပ်နှံတဲ့ ယာဉ်အို ယာဉ်ဟောင်းတွေကိုသာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ရန်ကုန်လိုင်စင်နဲ့ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ယာဉ်အိုယာဉ်ဟောင်းတွေကို ရန်ကုန်လိပ်စာ ပြောင်းပြီး လာအပ်ရင် ထောက်ခံမပေးဖို့ က.ည.န ရုံးတွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)