ၾကည္လင္းတို႔ ႐ံုးထုတ္မွာ “မင္းတို႔ ထမင္းဝေအာင္ စားထား” တီရွပ္နဲ႔ လာေရာက္ အားေပး

0
1786

တရားလႊတ္ေတာ္ ေရွ႕ဗန ဦးကိုနီကို ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံမႈနဲ႔ တရားစြဲခံရတဲ့ ၾကည္လင္းတို႔ကို ေျမာက္ပိုင္းခ႐ိုင္တရား႐ံုးမွာ မေန႔က ေဖေဖာ္ဝါရီ ၂ ရက္ေန႔က ႐ံုးထုတ္စဥ္ “မင္းတို႔ ထမင္းဝေအာင္ စားထား” တီရွပ္ဝတ္ၿပီး လာေရာက္အားေပးသူ တစ္ဦးနဲ႔ လူတစ္ခ်ိဳ႕ လာေရာက္ အားေပးခဲ့ၾကပါတယ္။

သူတို႔က တရားခံ ၾကည္လင္း၊ ေအာင္ဝင္းေဇာ္၊ ေအာင္ဝင္းထြန္းနဲ႔ ေဇယ်ာၿဖိဳးတို႔ကို ေထာက္ခံအားေပးသူေတြ ျဖစ္တယ္လို႔လည္း ေျပာခဲ့ၾကပါတယ္။

အဲဒီ အားေပးသူေတြထဲမွာ တစ္ေယာက္ျဖစ္တဲ့ ျမတ္ဘုန္းမိုရ္ (အမ်ိဳးသားေရး) ဆိုသူရဲ႕ ေဖ့စ္ဘုတ္ အေကာင့္မွာ ၾကည္လင္းတို႔ကို ေထာက္ခံေၾကာင္း ေရးသားထားတဲ့ ပို႔စ္ေတြ ေတြ႔ရပါတယ္။ ၾကည္လင္းက “လုပ္သင့္လုပ္ထိုက္တာကို လုပ္လိုက္တာပါ၊ အဲဒီအတြက္ ဘယ္ေတာ့မွ ေနာင္တ မရပါဘူး” လို႔ ေျပာေၾကာင္းလည္း ေဖေဖာ္ဝါရီ ၂ ရက္ေန႔ ေန႔စြဲနဲ႔ ေဖ့စ္ဘုတ္မွာ ေရးတင္ထားပါတယ္။

လူသတ္တရားခံနဲ႔ ဆက္စပ္သူေတြကို တရား႐ံုးမွာ လာေရာက္ၿပီး ေပၚေပၚတင္တင္ အားေပးေနမႈနဲ႔ ပတ္သက္ၿပီး အင္တာနက္ေပၚမွာ ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြည်လင်းတို့ ရုံးထုတ်မှာ “မင်းတို့ ထမင်းဝအောင် စားထား” တီရှပ်နဲ့ လာရောက် အားပေး

တရားလွှတ်တော် ရှေ့ဗန ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုနဲ့ တရားစွဲခံရတဲ့ ကြည်လင်းတို့ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ မနေ့က ဖေဖော်ဝါရီ ၂ ရက်နေ့က ရုံးထုတ်စဉ် “မင်းတို့ ထမင်းဝအောင် စားထား” တီရှပ်ဝတ်ပြီး လာရောက်အားပေးသူ တစ်ဦးနဲ့ လူတစ်ချို့ လာရောက် အားပေးခဲ့ကြပါတယ်။

သူတို့က တရားခံ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို ထောက်ခံအားပေးသူတွေ ဖြစ်တယ်လို့လည်း ပြောခဲ့ကြပါတယ်။

အဲဒီ အားပေးသူတွေထဲမှာ တစ်ယောက်ဖြစ်တဲ့ မြတ်ဘုန်းမိုရ် (အမျိုးသားရေး) ဆိုသူရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ ကြည်လင်းတို့ကို ထောက်ခံကြောင်း ရေးသားထားတဲ့ ပို့စ်တွေ တွေ့ရပါတယ်။ ကြည်လင်းက “လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာပါ၊ အဲဒီအတွက် ဘယ်တော့မှ နောင်တ မရပါဘူး” လို့ ပြောကြောင်းလည်း ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့စွဲနဲ့ ဖေ့စ်ဘုတ်မှာ ရေးတင်ထားပါတယ်။

လူသတ်တရားခံနဲ့ ဆက်စပ်သူတွေကို တရားရုံးမှာ လာရောက်ပြီး ပေါ်ပေါ်တင်တင် အားပေးနေမှုနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)