အာရွေဖာင္ေဒးရွင္းအဖြဲ႔နဲ႔ ပညာေရးက႑ ပံ့ပိုး ပူးေပါင္းေရး ေဆြးေႏြး

0
1721

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အာရွေဖာင္ေဒးရွင္းဥကၠ႒ မစၥတာ ေဒးဗစ္ ဒီ အာႏိုးလ္ ဦးေဆာင္တို႔အဖြဲ႔တို႔ ေတြ႔ဆံုၿပီး စြမ္းရည္ျမင့္တင္မႈ က႑နဲ႔ ပညာေရးက႑တို႔မွာ ပ့ံပိုးပူးေပါင္းေဆာင္ရြက္ေရး ေဆြးေႏြးခဲ့ပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၂ ရက္ ေနျပည္ေတာ္မွာ ေတြ႔ဆံုရာမွာ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၊ အမ်ိဳးသား ျပန္လည္ရင္ၾကားေစ့ေရး ေဆာင္ရြက္ခ်က္၊ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းမႈ ဖြံ႔ၿဖိဳးေရးေဆာင္ရြက္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း အျမင္ခ်င္း ဖလွယ္ခဲ့ၾကပါတယ္။

အာရွေဖာင္ေဒးရွင္းဟာ အေမရိကန္ႏိုင္ငံ၊ ဆန္ဖရန္စစၥကိုၿမိဳ႕မွာ ႐ံုးခ်ဳပ္ အေျခစိုက္ၿပီး ဝါရွင္တန္ဒီစီနဲ႔ အာရွ ၁၈ ႏိုင္ငံမွာ ႐ံုးခြဲေတြ ဖြင့္ထားပါတယ္။ အာရွေဖာင္ေဒးရွင္းဟာ အာရွမွာ ၂၀၁၇ ခုႏွစ္အတြင္း အေမရိကန္ ေဒၚလာ ၈၃ ဒသမ ၇ သန္းဖိုးရွိ ေက်ာင္းသံုးစာအုပ္ေတြနဲ႔ ေဒၚလာ ၈ ဒသမ ၇ သန္းရွိ ပညာေရးဆိုင္ရာ ပစၥည္းေတြ ေထာက္ပံ့လႉဒါန္းခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာရှဖောင်ဒေးရှင်းအဖွဲ့နဲ့ ပညာရေးကဏ္ဍ ပံ့ပိုး ပူးပေါင်းရေး ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာရှဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဒေးဗစ် ဒီ အာနိုးလ် ဦးဆောင်တို့အဖွဲ့တို့ တွေ့ဆုံပြီး စွမ်းရည်မြင့်တင်မှု ကဏ္ဍနဲ့ ပညာရေးကဏ္ဍတို့မှာ ပံ့ပိုးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်မှာ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ချက်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

အာရှဖောင်ဒေးရှင်းဟာ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ရုံးချုပ် အခြေစိုက်ပြီး ဝါရှင်တန်ဒီစီနဲ့ အာရှ ၁၈ နိုင်ငံမှာ ရုံးခွဲတွေ ဖွင့်ထားပါတယ်။ အာရှဖောင်ဒေးရှင်းဟာ အာရှမှာ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၈၃ ဒသမ ၇ သန်းဖိုးရှိ ကျောင်းသုံးစာအုပ်တွေနဲ့ ဒေါ်လာ ၈ ဒသမ ၇ သန်းရှိ ပညာရေးဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)