ျမန္မာႏိုင္ငံစာေရးဆရာအသင္း ဗဟိုအမႈေဆာင္ ေကာမတီဝင္ေတြ တရားစြဲဆိုမႈ ေက်ေအး

0
355

 

ျမန္မာႏိုင္ငံစာေရးဆရာအသင္း ဗဟိုအမႈေဆာင္ ေကာ္မတီဝင္ေဟာင္း ၆ ဦးကို ဖိတ္ၾကား ေဆြးေႏြးၿပီး တရား႐ံုးတခ်ိဳ႕မွာ မိမိတို႔အခ်င္းခ်င္း အျပန္အလွန္ စြဲဆိုထားတဲ့ အမႈေတြကို ေက်ေအး႐ုပ္သိမ္းေၾကာင္း ေၾကညာလိုက္ပါတယ္။

စာေရးဆရာေတြျဖစ္တဲ့ ေမာင္ေဟမာ၊ ႏြမ္ဂ်ာသိုင္း၊ ေကာင္းသန္႔၊ ေဒါက္ေထြး-ေဆးမန္း၊ ဟိန္းလတ္နဲ႔ ေမာင္မ်ိဳး-ေၾကာင္ႏွစ္ေကာင္တို႔ဟာ ျမန္မာႏိုင္ငံစာေရးဆရာအသင္း ပထမအႀကိမ္ညီလာခံမွာ တရားဝင္ ေရြးခ်ယ္တင္ေျမွာက္ျခင္း ခံခဲ့ရပါတယ္။

ဒါေပမယ့္ သက္တမ္းကာလအတြင္း ဗဟိုအမႈေဆာင္ ေကာ္မတီဝင္ အခ်င္းခ်င္း တစ္ဦးနဲ႔တစ္ဦး အထင္အျမင္လြဲကာ ျပႆနာေပၚၿပီး အျပန္အလွန္ တရားစြဲတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံစာေရးဆရာအသင္း ဒုတိယအႀကိမ္ ညီလာခံသက္တမ္းမွာ လက္ရွိဥကၠ႒ ေမာင္ေဟမာ အပါအဝင္ ေကာ္မတီဝင္ေဟာင္း ၆ ဦးကို ဖိတ္ၾကားၿပီး ညွိႏိႈင္းက ေက်ေအးလိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအမှုဆောင် ကောမတီဝင်တွေ တရားစွဲဆိုမှု ကျေအေး

မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအမှုဆောင် ကော်မတီဝင်ဟောင်း ၆ ဦးကို ဖိတ်ကြား ဆွေးနွေးပြီး တရားရုံးတချို့မှာ မိမိတို့အချင်းချင်း အပြန်အလှန် စွဲဆိုထားတဲ့ အမှုတွေကို ကျေအေးရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

စာရေးဆရာတွေဖြစ်တဲ့ မောင်ဟေမာ၊ နွမ်ဂျာသိုင်း၊ ကောင်းသန့်၊ ဒေါက်ထွေး-ဆေးမန်း၊ ဟိန်းလတ်နဲ့ မောင်မျိုး-ကြောင်နှစ်ကောင်တို့ဟာ မြန်မာနိုင်ငံစာရေးဆရာအသင်း ပထမအကြိမ်ညီလာခံမှာ တရားဝင် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် သက်တမ်းကာလအတွင်း ဗဟိုအမှုဆောင် ကော်မတီဝင် အချင်းချင်း တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲကာ ပြဿနာပေါ်ပြီး အပြန်အလှန် တရားစွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယအကြိမ် ညီလာခံသက်တမ်းမှာ လက်ရှိဥက္ကဋ္ဌ မောင်ဟေမာ အပါအဝင် ကော်မတီဝင်ဟောင်း ၆ ဦးကို ဖိတ်ကြားပြီး ညှိနှိုင်းက ကျေအေးလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)