ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု စပ်ဆက်တရားခံတွေကို ဖမ်းဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး ထုတ်ပြန်

0
363

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံ အောင်ဝင်းဇော်ကို ဖမ်းမိထားပြီး ကျန်ရှိတဲ့ ဆက်စပ်တရားခံတွေကိုလည်း ဖမ်းမိဖို့ စုံစမ်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြစ်မှုကျူးလွန်သူ ကြည်လင်းကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း ဖော်ထုတ်ရာမှာ အောင်ဝင်းဇော်ဟာ ရန်ကုန်ကနေ ဘားအံကို ထွက်သွားကြောင်း အတည်ပြုသတင်းရရှိတာကြောင့် တိုင်းဒေသကြီး/ပြည်နယ်တွေကို ပိတ်ဆို့ရှာဖွေပြီး လိုက်လံဖမ်းဆီးရာမှာ ၁၂ နာရီအတွင်း အောင်ဝင်းဇော်ကို ဘားအံမြို့က သံလွင်တံတားမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်တဲ့ ဆက်စပ်တရားခံတွေကိုပါ ဖမ်းဆီးရမိဖို့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုတွေကို သတိပြုပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တာမျိုးတွေ့ရှိရင် အမြန်ဆုံး ဆက်သွယ်အကြောင်းကြားဖို့ နိုင်ငံတော်သမ္မတရုံးက တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)