ပဲခူးမှာ မြန်မာစာသတ်ပုံပြိုင်ပွဲနဲ့ ပြည်ထောင်စုနေ့အကြို စာပေဟောပြောပွဲ

0
387

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူးရုံးမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၈ နာရီက အခြေခံပညာအထက်တန်းအဆင့် မြန်မာစာသတ်ပုံပြိုင်ပွဲနဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အကြို စာပေဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ကျောင်းသားလူငယ်တွေ မြန်မာစာ သတ်ပုံအရေးအသား မှန်ကန်စွာရေးသားနိုင်ဖို့နဲ့ ပြည်ထောင်စု စိတ်ဓာတ်တွေ ရှင်သန်နိုးကြားလာဖို့ အဲဒီလို ကျင်းပခဲ့တာလို့ ဆိုပါတယ်။

မြန်မာစာသတ်ပုံ ပြိုင်ပွဲမှာ ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးက မြန်မာစာ သတ်ပုံ အမှားအမှန်ကို ရွေးချယ်ကြတာ ရွေးချယ်တဲ့ ပုံစံနဲ့ ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ စာရေးဆရာ နန်းဦး(မြန်မာစာ)က ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ ခေါင်းစစဉ်နဲ့ ဟောပြောပြီး စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က ပြည်ထောင်စုစိတ်ဓာတ်များ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

မြန်မာစာသတ်ပုံ ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယနဲ့ နှစ်သိမ်းဆု ရရှိသူတွေကို စာရေးဆရာတွေနဲ့ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှူး ဒေါ်လှလှတို့က ဆုတွေ အသီးသီးချီးမြှင့်ခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)