မောင်တောမှာ လူနေအိမ်ထဲ ဝင်ရောက်ပြီး ဓားထိုးမှု ဖြစ်ပွား

0
315

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ခေါင်းတကာကျေးရွာမှာ နေထိုင်သူတစ်ဦးရဲ့နေအိမ်အတွင်း ဝင်ရောက်ပြီး ဓားနဲ့ထိုးတဲ့အမှုတစ်ခု ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်မှာ ခေါင်းတကာကျေးရွာက မာမတ်အာရ်ဖတ် (၂၇ နှစ်)နဲ့ ဇနီးဖြစ်သူ အန်ဂျိုမာဘီဘီတို့ ယောက္ခမဖြစ်သူ ယာစ်မိန်ရဲ့ နေအိမ်မှာ အိပ်နေစဉ် ဘဂုံးနားအနောက်ရွာမှာ နေတဲ့ မာမောက်အာယာစ်အပါအဝင် လူသုံးဦးက နေအိမ်ထဲ ဝင်ပြီး ဓားနဲ့ထိုးခဲ့တာ ဖြစ်ပါတယ်။

ဓားချက်ကြောင့် မာမတ်အာရ်ဖတ်ရဲ့ ဝဲနားထင်၊ ပုခုံး၊ လက်ပြင်တို့မှာ ပေါက်ပြဲဒဏ်ရာ လေးချက်၊ ဝဲနောက်ကြော လက်မောင်းမှာ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ပေါင်း ခြောက်ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး မောင်တောဆေးရုံမှာ ဆေးကုသခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်မှာ ဘဂုံနားအနောက်ရွာနေ ဂျေနာဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး မမောက်အာယာစ်နဲ့ ကျန်တစ်ဦးကိုတော့ မဖမ်းမိသေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)