စစ်တွေက ကယ်ဆယ်ရေးစခန်းတစ်ခုမှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားဒဏ်ရာနဲ့ သေဆုံး

0
370

စစ်တွေမြို့၊ သဲချောင်းကျေးရွာ၊ မော်သီးညှာ ကယ်ဆယ်ရေးစခန်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က အမျိုးသမီး ကွယ်လွန်ခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ မော်သီးညှာ ကယ်ဆယ်ရေးစခန်း အဆောင်(၁)၊ အခန်း(၄)မှာနေတဲ့ မရော်ရှိဒါဟာတူ (၂၈ နှစ်)ဖြစ်ပြီး လည်ပင်းမှာ ခြောက်လက်မခန့် ပြတ်ရှဒဏ်ရာနဲ့ နေအိမ်အခန်းအတွင်းမှာ သေဆုံးခဲ့တာပါ။

သေဆုံးနေတဲ့ အမျိုးသမီးရဲ့ ဘေးမှာ အရိုးအသွား ၈ လက်မခန့်ရှိတဲ့ ဓားတစ်ချောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မရောရှိဒါဟာတူရဲ့ ခင်ပွန်းဖြစ်သူ အီစလမ် (၃၇ နှစ်)ကို စစ်မေးမေးမြန်းရာမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကမှာ ဇနီးနဲ့အတူ အိပ်ရာဝင်ပြီး နောက်တစ်နေ့ နံနက် ၆ နာရီမှာ အိမ်ရာနိုးတော့ ဇနီးမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)