နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီးကို ကမ္ဘောဒီးယား ဘုရင်မင်းမြတ် ဂုဏ်ပြုကြိုဆို

0
269

ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့ကို ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီမှ ဘုရင့်နန်းတော်မှာ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိခဲ့တာပါ။

အဲဒီနောက် ညနေ ၄ နာရီ ၅ မိနစ်မှာ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကို သွားရောက်ပြီး ၄ နာရီ ၂၅ မိနစ်မှာ နတ်ရွာစံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် နိုရိုဒွန် သီဟာနု အထိမ်းအမှတ်ကျောက်တိုင်ကို သွားရောက်ပန်းခွေချခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဟာ ကမ္ဘောဒီးယား ဘုရင်မင်းမြတ်ရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးသွားရောက်တာဖြစ်ပြီး ဒီကနေ့ ညပ ၇ နာရီမှာလည်း ဘုရင်မင်းမြတ် တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)