ပဲခူးမှာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

0
269

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာက မိုးယွန်းကြီးအင်းရမ်ဆာဒေသမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၇ နာရီက ၂၀၁၇ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီနဲ့ ဌာနဆိုင်ရာတွေ၊ ဧည့်သည်တော်တွေက စက်လှေတွေနဲ့ အင်းအတွင်းမှာရှိတဲ့ ဆောင်းခိုငှက်တွေကို လိုက်လံကြည့်ရှုပြီး ပြသထားတဲ့ ပညာပေးပြခန်းကိုလည်း လေ့လာကြည့်ရှုခဲ့ကြပါတယ်။

နံနက် ၉ နာရီမှာတော့ မိုးယွန်းကြီးအင်းဘေးမဲ့တော ကြိုးကြာခန်းမမှာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကာပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားနဲ့ပတ်သက်ပြီး ပြောကြားခဲ့သလို နော်ဝေ နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ ကိုယ်စားလှယ်နဲ့ ရမ်ဆာ ကွန်ဗင်းရှင်းအတွင်းရေးမှူးတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာဒေသအဖြစ် သတ်မှတ်တဲ့အပေါ် ဂုဏ်ပြုမှတ်တမ်းကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က တာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)