မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0
291

မေယု စစ်ဆင်ရေးအစီအစဉ်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့ဟာ စိတ်ကြွဆေးပြား ၁၉၄,၂၅၀ ပြား ကိုမောင်တောမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီဆေးပြားတွေဟာ မောင်တောမြို့နယ် မြို့မ ကညင်တန်းရွာနေ ကော်ရီမူလ္လာ ၂၆ နှစ် ရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၂ ရက် မနက် ၁၁ နာရီခွဲက ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအတွင်းရှိ ပါကျဲရိုးယာဉ်ရဲ့ နောက်ဘက်တံခါးမှာ တပ်ဆင်ထားတဲ့ စပယ်ယာဘီးအတွင်းမှ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီဆေးပြားတွေကို သိမ်းဆည်းပေးထားတဲ့ အိမ်ရှင်ကော်ရီမူလ္လာမှာ ထွက်ပြေးသွားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနေအိမ်မှာ ရောက်ရှိနေတဲ့ မောင်နီရွာနေသူ မာမောက်ကာဆိမ်း ၃၀ နှစ်ကို စစ်ဆေးရာ ကော်ရီမူလ္လာမှ ကြိမ်ချောင်းကို ပို့ဆောင်ခ ကျပ် ၁ သိန်း ပေးပြီး ပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ အခုလို ဖမ်းဆည်းရမိတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)