ဦးကိုနီနဲ့ ဦးနေဝင်း သတ်ဖြတ်ခံရမှုအတွက် ပုလောမြို့နယ်မှာ ဘာသာပေါင်းစုံဆုတောင်းပွဲ ပြုလုပ်

0
323

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ပုလောမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် ခရိုင်၊ ပုလောမြို့နယ် အမှတ် ၃ ရပ်ကွက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တွေ ဦးဆောင်ပြီး အဲဒီအခမ်းအနားကို ပြုလုပ်ခဲ့တာပါ။

ပုလောမြို့နယ်၊ အရှေ့ကျောင်းတိုက်၊ မြို့လုံးကျက်သရေ စေတီတော်ရေပြင်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၇ နာရီမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဖဲကြိုးနက်တွေတပ်ဆင်တဲ့ လှုပ်ရှားမှုနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်အလာ ရန်ကန်ု အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဦးကြည်လင်းဆိုသူရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရတာပါ။
ဦးကိုနီကို သတ်ဖြတ်သူ ဦးကြည်လင်းကို လိုက်လံဖမ်းဆီးရင်း အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးနေဝင်းလည်း အဲဒီနေ့မှာပဲ ပစ်သတ်ခံရပြီး ကွယ်လွန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)