အလုပ်သမား အခွင့်အရေး ချိုးဖောက်လို့ ဟန်ကျိုးပိုင်ရီ အထည်ချုပ် အလုပ်သမားတွေ ဆန္ဒပြ

0
321

လှိုင်သာယာ ရွှေလင်ဗန်းစက်မှု ကင်းဝန်မင်းကြီးလမ်းထဲမှာရှိတဲ့ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ(မြန်မာ) ကုမ္ပဏီလီမိတက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား (၅၀၀)ကျော်ဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလုပ်သမားခေါင်းဆောင်ကို အလုပ်ထုတ်လို့ ဆန္ဒပြနေတာဖြစ်ပါတယ်။

ဟန်ကျိုးပိုင်ရီအထည်ချုပ်စက်ရုံ(မြန်မာ)ကုမ္ပဏီ လီမိတက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား (၅၀၀)ကျော်ဟာ ညအိပ်ညနေ နေထိုင်ပြီး ဆန္ဒပြမှုဟာဆိုရင် ငါးရက်မြောက်ရှိနေပြီဖြစ်ပြီး၊ အလုပ်ရှင်ဘက်ကတော့ အခုဆန္ဒ ပြနေတဲ့ အလုပ်သမားတွေနဲ့ ညှိနှိုင်းဖြေရှင်းတာမျိုး မရှိသေးဘူးလို့ ဆန္ဒပြအလုပ်သမား တွေက ပြောပါတယ်။

အလုပ်သမားတွေကဘက်ကတော့ လုပ်ငန်းရှင်ဘက်ကို အလုပ်သမားခေါင်းဆောင်ကို အလုပ်ပြန်ခန့်ပေးရေး၊ ကျွမ်းကျင်အလုပ်သမား အဆင့် ခွာရာမှာ စာချုပ်ပါအတိုင်း လုပ်ဆောင်ပေးရေး၊ နိုင်ငံခြားသားများ တိုက်ရိုက်အုပ်ချုပ်မှု လက်မခံနိုင် စတဲ့ အချက်တွေကို တောင်းဆိုဆန္ဒပြနေတာလည်းဖြစ်ပါတယ်။

ဟန်ကျိုးပိုင်ရီအထည်ချုပ်စက်ရုံ(မြန်မာ)မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေလည်း လာရောက်လုပ်ကိုင်နေပြီး အလုပ်ရှင် ဘက်က အလုပ်သမားတွေအပေါ် သတ်မှတ်ထားတဲ့ အ၀တ်အထည်တွေ ပိုတောင်းတာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)