ရန်ကုန်မြို့ MIP ဆိပ်ကမ်းရှိ ကုန်သေတ္တာအတွင်းမှ ကျွန်းသစ်ခွဲသားများ သိမ်းဆည်းရမိ

0
306

ရန်ကုန်မြို့ MIP ဆိပ်ကမ်းရှိ ကုန်သေတ္တာနှစ်လုံး အတွင်းမှ ကျွန်းသစ်ခွဲသား ၃၃ တန်ကျော်ကို ဇန်နဝါရီ ၂၄ ရက်က သိမ်းဆည်းရမိခဲ့ရာက အစပြုပြီး သတင်းကွင်းဆက်တွေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်သစ်တွေကို သစ်တောဦးစီးဌာနက ဆက်တိုက်သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အဲဒီလိုသိမ်းဆည်းရာမှာ ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကိုးရက်တာအတွင်း ကျွန်း ၃၅ တန်ကျော်၊ ပိတောက် ၈၁၈ တန် ကျော်၊ တမလန်း ၂၃ တန်( စိစစ်ဆဲ)နဲ့ ကုက္ကို နှစ်တန်ကျော် စုစုပေါင်း တရားမဝင်သစ်ခွဲသား တန် ၈၈ဝ ကျော်၊ (ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၆ဝဝဝ ကျော်ခန့်)ကို သစ်တော ဦးစီးဌာနက သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီလိုသိမ်းဆည်းတာတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီမှ တာဝန်ရှိသူတွေ၊ ပွဲစား၊ ခြံရှင်၊ ဂိုဒေါင်မှူး၊ ဂိုဒေါင်ပိုင်ရှင်နဲ့ ဂိုဒေါင် ငှားသူတွေကို သစ်တောဥပဒေ
၄၃(က)၊၄၂(ခ) တို့အရ အရေးယူဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)