မောင်တောမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတွေကို စားသောက်ကုန် ရောင်းချ

0
319

မောင်တောခရိုင် စီမံခန့်ခွဲမှုကော်မတီရဲ့ ကြီးကြပ်မှုနဲ့ မောင်တောမြို့နယ်အတွင်းရှိ လမ်းပန်း ဆက်သွယ် ရေးခက်ခဲတဲ့ ကျေးရွာတွေကို စားသောက်ကုန်တွေ တိုက်ရိုက်သွားရောက် ရောင်းချလျက် ရှိပါတယ်။

အဲဒီလို သွားရောက်ရောင်းချဖို့အတွက် ကြိမ်ချောင်း၊ ငါးခူရ၊ ခမောင်းဆိပ်၊ တမန်းသားနဲ့ တောင်ပြိုလက်ဝဲ စတဲ့ နယ်မြေ ငါးခု သတ်မှတ်ထားတာပါ။ ကြိမ်ချောင်း နယ်မြေမှာ ကျေးရွာ ၁၃ ရွာ၊ ငါးခူရ နယ်မြေမှာ ၁၈ ရွာ၊ ခမောင်းနယ်မြေမှာ ၁ဝ ရွာ၊ တမန်းသား နယ်မြေမှာ ရှစ်ရွာနဲ့ တောင်ပြို လက်ဝဲနယ်မြေမှာ ၁၅ ရွာ ရှိကြပြီးဈေး သွားရောက်ရောင်းချရာမှာ ကြိမ်ချောင်းနယ်မြေတွေကို တနင်္လာနေ့၊ ငါးခူရနယ်မြေတွေကို အင်္ဂါနေ့၊ ခမောင်း ဆိပ်နယ်မြေတွေကို ဗုဒ္ဓဟူးနေ့၊ တမန်းသားနယ်မြေတွေကို ကြာသပတေးနေ့ နဲ့ တောင်ပြိုလက်ဝဲနယ်မြေ တွေကိုသောကြာနေ့တွေမှာ သွားရောက် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)