အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး မြိတ်မှာ ချီတက်လမ်းလျှောက်ပွဲ လုပ်

0
266

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အမျိုးမျိုး ပပျောက်ရေးနဲ့ သက်ငယ်အဓမ္မမှုကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးရေး လူထုချီတက် လမ်းလျှောက်ပွဲကို ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

women

အဲဒီ ချီတက်လမ်းလျှောက်ပွဲကို ဒီကနေ့ ညနေ ၄ နာရီအချိန်က မြိတ်မြို့နယ် ကမ်းနားလမ်းမှာ ပြုလုပ်ခဲ့တာပါ။

women3

မြိတ်မြို့နယ် အမျိုးသမီးသမဂ္ဂ(မြိတ်)နဲ့ သွေးချင်းသစ္စာ လူမှုကွန်ရက်တို့က ဒီလမ်းလျှောက်ချီတက်ပွဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ သက်ငယ်အဓမ္မမှုကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးရေး၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှု ပပျောက်ရေး၊ အကြမ်းဖက်မှု မခံရအောင် ထိရောက်တဲ့ ဥပဒေအကာအကွယ် ရရှိရေး၊ အကြမ်းဖက်မှု မခံရအောင် အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှု မြှင့်တင်ရေး စတဲ့ လက်ကိုင် ပိုစတာတွေနဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး အမျိုးသမီး အင်အား ၄၀ လောက်နဲ့ ဈေးဝယ်စင်အရှေ့မှ သာကေတရပ်ကွက် သဲကွင်း ကမ်းနားလမ်းမှ MYEIK SEA VIEW CONDO အရှေ့အထိ ချီတက် လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

women34

ဒီကနေ့ မြန်မာနိုင်ငံအတွင်းမှာ နေရာဒေသအသီးသီးမှာ သက်ငယ်မုဒိမ်းမှုနှင့် အမျိုးသမီးအကြမ်းဖက်မှုတွေကို ဖြစ်ပေါ်နေတာတွေ အများကြီးတွေ့နေရလို့ ဒီဖြစ်စဉ်ကို သက်ဆိုင်ရာ အစိုးရက ထိရောက်တဲ့ အပြစ်ပေးမှုကို ပြုလုပ်ပေးဖို့ တောင်းဆို ချီတက် လမ်းလျှောက်ပြတာပါလို့လည်း ဦးဆောင်သူ ဒေါ်မဉ္ဇူလှိုင်က ပြောကြားခဲ့ပါတယ်။

ဇော်ဇော်(မြိတ်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)