အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံ

0
378

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းမှာ အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းသားတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် အကူအညီပေးရေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

italy

အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းသား ၃၈ ဦးဟာ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လာရောက်ပြီးတွေ့ဆုံခဲ့ကြတာပါ။

italy2

အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဟာ အီတလီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကဏ္ဍအလိုက် ပညာရှင်တွေ၊ ရှေ့နေတွေ၊ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားတွေ စတဲ့သူတွေနဲ့ ၂၀၁၄ ခုနှစ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့စီးပွားရေးကဏ္ဍတွေအတွက် အကူအညီတွေ ပေးအပ်နိုင်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

italy3

အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဟာ မြန်မာနိုင်ငံက မိဘမဲံကလေးတွေအတွက် စာသင်ကျောင်းဆောက်ဖို့ ငွေကြေးလှူဒါန်းတာ၊ ကျန်းမာရေးအတွက် HIV စင်တာ တည်ဆောက်နိုင်ရေး ကူညီပံ့ပိုးတာတွေလည်း ပြုလုပ်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)