မောင်တောမြို့နယ်တွင် အမျိုးသားတစ်ဦး အသတ်ခံရ

0
267

မောင်တောမြို့နယ် လင်ဘာကုန်းနား ကျေးရွာမှ အမျိုးသားတစ်ဦး လည်ပင်းလှီးဖြတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

15841479_1045544562239224_558351024_n

မောင်တောမြို့နယ် လင်ဘာကုန်းနား ကျေးရွာနေ ဆွေဒူအာမီ(၃၀) နှစ်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်မှာ ငါးစားကြူး ချောင်းဘက်သို့ ငါးရှာသွားရာမှ အခုလိုအသတ်ခံလိုက်ရတာပါ။ မိသားစုတွေက လိုက်လံရှာဖွေရာမှာ ဇန်နဝါရီလ ၂ ရက် ညနေ ၃ နာရီခွဲခန့်မှာ ကျေးရွာတောင်ဘက် ကိုက် ၄၀၀ အကွာ ငါးစားကြူးချောင်းထဲမှာ သေဆုံးနေတာဖြစ်ပါတယ်။

အဲဒီလိုသေဆုံးတာနဲ့ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ငါးစားကြူးချောင်းရေစပ် ရွံ့ဗွက်ထဲမှာ လည်ပင်း လှီးဖြတ် ဒဏ်ရာနဲ့ မှောက်လျက်သေဆုံးနေကြောင်းတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှန် ပေါ်ပေါက် စေရေးအတွက် ရဲတပ်ဖွဲ့ကလုပ်ထုံးလုပ်နည်း အတိုင်းအရေးယူဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)